News

POST TYPE

REGIONAL

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဝက်ဘ်ဆိုက် လွှင့်တင်
11-Sep-2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ တရားဝင် ဝက်ဘ်ဆိုက်ကို လွှင့်တင်လိုက်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ (စက်တင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အသိပေး ကြေညာလိုက်သည်။

အဆိုပါ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များကိုလည်း ဖတ်ရှုနိုင်ကြောင်း အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းဝက်ဘ်ဆိုက်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လွှင့်တင်ထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဝက်ဘ်ဆိုက် -
http://www.rakhinecommission.org/ (အင်္ဂလိပ်ဘာသာ)
http://www.rakhinecommission.org/mm/ (မြန်မာဘာသာ)