News

POST TYPE

REGIONAL

ကြွက်နှင့် တောဝက်ဖျက်ဆီး၍ ဖာလာအထွက်နှုန်းကျ
11-Oct-2017 tagged as တောင်ငူ

တောင်ငူ၊ အောက်တိုဘာ ၁၁

ကရင်ပြည်နယ်မြောက်ဖျား သံတောင်ကြီးမြို့နယ် လိပ်သိုလ်မြို့နယ်ခွဲရှိ ဖာလာစိုက်ခင်းများတွင် စက်တင်ဘာလ နောက်ဆုံးပတ် ဖာလာရာသီချိန်မှစတင်ပြီး ယနေ့အထိ ကြွက်နှင့် တောဝက်များ ဖျက်ဆီးမှုကြောင့် အထွက်နှုန်း လျော့နည်းကျဆင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

“တောဝက်က တူးမီးနဲ့ ခြောက်လှန့်ပစ်ခတ်လို့ ရပေမယ့် ကြွက်ကျတော့ ထောင်ချောက်လည်း မနိုင်ဘူး။ သုံး၊ လေးနှစ် တစ်ခါလောက် ကြွက်ကျတတ်ပေမယ့် ခုနှစ်တော်တော်ဆိုးတယ်။ ဖာလာဈေးကလည်း ပြောပလောက်အောင် သိပ်မကောင်းဘူး”ဟု လိပ်သိုလ်မြို့နယ် ကျေးရွာတချို့ တွင် ဖာလာနှင့် ဒူးရင်းခြံလုပ်ငန်း လုပ်ကိုင်နေသူ ဦးအတီးက ပြောကြားသည်။

နှစ်စဉ် အောက်တိုဘာလ ပထမပတ်ခန့်မှစတင်ပြီး တောင်ငူဈေးကွက်မှတစ်ဆင့် တရုတ်သို့ တင်ပို့ရောင်းချနေကြသည့် ချဉ်ပေါင်ဖာလာဈေးနှုန်းသည် ယမန်နှစ် ချဉ်ပေါင်ဖာလာရာသီပြီးဆုံးချိန်၌ တစ်ပိဿာ ကျပ် ၁၉၀၀၀ ခန့်နှင့် ပိတ်သိမ်းခဲ့သော်လည်း ယခုနှစ် ဖာလာရာသီ ပေါ်ဦးပေါ်ဖျားအချိန်တွင် တစ်ပိဿာဈေး ၁၀၀၀၀ ကျော်သာရှိကြောင်း ဖာလာကုန်သည်များထံမှ သိရသည်။

R-15