News

POST TYPE

REGIONAL

ကလေး-မော်လိုက် ကားလမ်း၌ ကားတစ်စီး တိမ်းမှောက်၊ လေးဦးသေဆုံး
ကလေး၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မော်လိုက်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် ယနေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက် ၃ နာရီခန့်က ကားတစ်စီးဘရိတ်ပေါက် တိမ်းမှောက်ရာမှ ယာဉ်မောင်း အပါအဝင် လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရကြောင်း စခန်းကြီးနယ်မြေရဲစခန်းထံမှ သိရသည်။

မော်လိုက်မြို့မှ ကလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် လက်ဆေးကန်အနီးအရောက် တောင်တက်လမ်းတွင် ဘရိတ်ပေါက်ကာ လမ်းညာဖက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိမ်းမှောက်သည့်ယာဉ်မှာ သစ်များ တင်ဆောင်နိုင်ရန် ပြုလုပ်ထားသည့်ကားတစ်စီးဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဒဏ်ရာရသူ လေးဦးမှာ ကလေးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေပြီး မစိုးရိမ်ရကြောင်း စခန်းကြီးနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်လယ်မန်းက ပြောကြားသည်။

R-20