News

POST TYPE

REGIONAL

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတား ကျိုးကျ
21-Aug-2016

ရွှေဘို၊သဂုတ် ၂၁ 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် သြဂုတ်လ ၂၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာချင်းဆက် တံတားများ ကျိုးကျ ပျက်စီးခြင်း၊ နေအိမ်များနှင့် စိုက်ခင်းအချို့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ရွှေဘိုနှင့် ဝက်လက်မြို့နယ်ရှိ ရပ်ကွက်အချို့တွင် ရေများ ဝင်ရောက်လျက်ရှိပြီး စပါး ပျိုးပင်များ စိုက်ခင်းများ ရေလွှမ်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့ မိုး ဆက်လက် ရွာသွန်းပါက ပျိုးပင် အများ ပျက်စီးနိုင်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ 

ကန့်ဘလူမြို့နယ်၊ ချပ်သင်း တိုက်နယ် တောင်ဘက် ၁ မိုင်အကွာရှိ လှည်းပွဲကျေးရွာမှ ဆားကျင်းကျေးရွာသို့ သွားသည့် ကွန်ကရစ်တံတားမှာ ရေ အလုံးအရင်းဖြင့် ဝင်ရောက် လာခြင်းကြောင့် ကျိုးကျခဲ့ကြောင်း၊ အဆိုပါ တံတားမှာ ကိုရီးယားရောက် မြန်မာများက လှူဒါန်းခဲ့သည့် တံတားဖြစ်ပြီး ဆားကျင်းရွာ ၏အဓိက အသုံးပြုသောတံတားဖြစ်ကြောင်း အဆိုပါဒေသခံ ကိုမြင့်ဇော်ဦး ကဆိုသည်။ 

ချပ်သင်းရေကြီးမှု အခြေအနေမှာ မစိုးရိမ်ရသေးသော်လည်း မိုး ဆက်လက် ရွာသွန်းပါက မြို့မရပ်ကွက်အချို့ ရေဝင်နိုင်ပြီးကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။



  • VIA