POST TYPE

REGIONAL

ကရင်ပြည်နယ် ဝန်ကြီးချုပ် ယာဉ်မတော်တဆမှုဖြစ်၊ ဘယ်ခြေသလုံးရိုး ၂ ချောင်းကျိုး
ဘားအံ၊ ဇူလိုင် ၁၄

ဘားအံ-လှိုင်းဘွဲလမ်း ဘားအံဂေါက်ကလပ် အရှေ့တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် စီးနင်းလာသော Luxus ကား လမ်းချော်ပြီး လမ်းဘေးရှိ ကျွန်းပင်ကို တိုက်မိခဲ့၍ ဘယ်ခြေသလုံးရိုး ၂ ချောင်း ကျိုးသွားသည်ဟု ဘားအံဆေးရုံ၏ စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် တောင်ကလေးဆရာတော်၏ မွေးနေ့နှင့် ယသဝေါ်-လှာကမြင်ကျေးရွာချင်းဆက် တံတားဖွင့်ပွဲသို့ အသွားတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဘားအံဆေးရုံကြီးမှာ တစ်ကိုယ်လုံး scan ဖတ်နေတယ်၊ ခုချိန်ထိ ရလဒ်ကတော့ ဘယ်ခြေသလုံးရိုး ၂ ချောင်း ဒူးဆစ်နားကပ်လျက်က ကျိုးသွားတယ်၊ ရန်ကုန်ကိုပို့ပြီး အရိုးတေ့ဆက်ပြီး စတီးပိုက်သွင်း မူလီဆွဲမယ်၊ အဲ့ဒါက ကျောက်ပတ်တီးစည်းတာထက် အချိန်ပိုသက်သာတယ်၊ ပြီးရင် ဘားအံမှာ ဆေးကုသမှု ခံယူဖို့ ရှိတယ်” ဟု ကရင်ပြည်နယ် စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကပြောကြားသည်။

တောင်ကလေးဆရာတော် မွေးနေ့ပွဲသို့အသွား ဘားအံဂေါက်ကလပ်အရှေ့ အရောက်တွင် ကားတိုင်းရော့ပြုတ်ပြီး ညာဘက်အခြမ်းသို့ ဆင်းသွားရာတွင် ထိန်းသိမ်းရန် ခက်ခဲသွားပြီး ကျွန်းပင်ကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုတွင် လေအိတ်ပွင့်သွားပြီး ယာဉ်မောင်းကို အန္တရာယ်ကင်းသော်လည်း အနောက်တွင် စီးနင်းလာသည့် ပြည်နယ်ဝန်ကြီးချုပ်မှာ အရှေ့ထိုင်ခုံနှင့် တိုက်မိခဲ့သည်ဟု ယာဉ်မောင်းက ဆိုသည်။

R-17