News

POST TYPE

REGIONAL

မုံရွာ ညောင်ကိုင်းအင်းအတွင်း လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံး
13-Jul-2017 tagged as

မုံရွာ၊ ဇူလိုင် ၁၃

မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ ညောင်ကိုင်းအင်းအတွင်း ရေတံခါးတွင် ယနေ့ (ဇူလိုင်လ ၁၃ ရက်)က ရေဆင်းချိုးသည့် လူငယ်တစ်ဦး ရေနစ် ပျောက်ဆုံးနေကြောင်း မျက်မြင် သက်သေများထံမှ စုံစမ်းသိရှိရသည်။ 

“ညနေ ၃ နာရီခွဲမှာ ရေဆင်းချိုးလို့ ပျောက်သွားတာ အခု ရှာဖွေနေပါတယ်။ သေပြီလို့ ယူဆရတာပေါ့လေ”ဟု ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခင်ပပက ဆိုသည်။

အဆိုပါ အင်းရေတံခါးတွင် ရဲမင်းဇော် အသက် ၁၈ နှစ်သည် ညနေပိုင်းက ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ညောင်ကိုင်းအင်း ရေတံခါးသည် သုံးပေပတ်လည်ပေါက် နှစ်ခုပါရှိသည့် ရေထိန်းတံခါးဖြစ်ရာ မြစ်ရေကြီးချိန်၌ ရေသွင်းသည့် တံခါးလည်းဖြစ်သည်။

R-08

  • TAGS