News

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘားအံ အကျဉ်းထောင်မှ ထောင်သားများအချို့ ထွက်ပြေးမှုဖြစ်ပွားပြီးနောက် ထောင်ဖောက်မှုမဖြစ်စေရန် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင် အကျဉ်းထောင်၊ သထုံအကျဉ်းထောင်နှင့် ကျိုက်မရောအကျဉ်းထောင်တို့ကို စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် စစ်ဆေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
20-Sep-2018 tagged as ဟင်္သာတ
ဟင်္သာတမြို့တွင် ကျင်းပခဲ့သည့် ကရင့်အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ ဖဒိုမန်းငြိမ်းမောင်နှင့် ပွဲကျင်းပသူ ၄ ဦးကို တရားစွဲဆိုမည်ဟု လက်မှတ်ထိုး ဆင့်ခေါ်ခဲ့သော်လည်း ဥပဒေအကြံပြုချက်အရ တရားစွဲဆိုမည့်စာရင်းတွင် ဖဒိုမန်းငြိမ်းမောင် ပါဝင်ခြင်းမရှိတော့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။
ဆွာချောင်းတမံကျိုးပေါက်ရာမှ ရေတိုက်စားခံရပြီး မျောပါခဲ့သည့် ဆွာမီးရထားချောင်းကူးတံတားကို စမ်းသပ်မောင်းနှင်မှု လုပ်ပြီးနောက် ၁၁ အဆန်၊ ၁၂ အစုန်ရထားများကို စတင်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း တောင်ငူဘူတာအထူးတန်းရုံပိုင်ကြီး ဦးကျော်မျိုးလွင်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများတည်ဆောက်ရာတွင် အမှန်တကယ်လိုအပ်သည့်ဒေသများ မပါဝင်ဘဲ နေရာတစ်ခုတည်းမှာ စာသင်ကျောင်းများ ထပ်မံ၍ တည်ဆောက်နေကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောကြားသည်။
20-Sep-2018 tagged as လူသေမှု
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဆန်ကျိန်းကျေးရွာတွင် စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က အိမ်သာကျင်းထဲ ဖုန်းပြုတ်ကျရာမှ ဖုန်းကိုဆင်းဆယ်ခဲ့သည့် လူလေးဦးသေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
19-Sep-2018 tagged as
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူကုန်ကူးခြင်းခံရသည့် အသက် ၉ နှစ်ခန့်အရွယ် မိန်းကလေးငယ်အပါအဝင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် ၁၃ ဦးကို မိဘထံပြန်အပ်မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ အမှတ်(၁၈) လူကုန်ကူးမှုတားဆီး ကာကွယ်ရေးတပ်ဖွဲ့စုမှူး ရဲမှူးမီမီကိုက ပြောကြားသည်။
19-Sep-2018 tagged as
မင်းတုန်းမြို့နယ်၊ လင်ဘန်းကျေးရွာအုပ်စု၊ လင်ဘန်းကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက် နံနက် ၈ နာရီခန့်က နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာ ဆေးခြောက်ရွက်အစို သုံးမတ်သားခန့် ကာလတန်ဖိုး ၂၁၉၆ ကျပ်ဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ပြင် ရဲကင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
19-Sep-2018 tagged as မကွေး ရေတမံ
အောင်လံမြို့နယ်အတွင်းရှိ ဘွက်ကြီးရေလှောင်တမံသည် မြေသား ၃ ပေခန့်ပြိုကျခဲ့သဖြင့် ရေစိမ့်ထွက်မှုမရှိသေးသော်လည်း ပြိုကျမည်ကို စိုးရိမ်၍ တမံအနီးအနားရှိ ရွာသူရွာသားအချို့က ကြိုတင်ပြောင်းရွှေ့နေကြောင်း အောင်လံမြို့ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောကြားသည်။
19-Sep-2018 tagged as စည်ပင် ခွေး
မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်လမ်းများ၌ ခွေးလေခွေးလွင့်များကြောင့် နေ့စဉ်ယာဉ်တိုက်မှုဖြစ်ရကြောင်း မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက် ၈ ရှိ လောင်းကစားဂိမ်း ဆိုင်တစ်ဆိုင်ကို ပိတ်သိမ်းရန် ရဲတပ်ဖွဲ့က သတိပေးထားသော်လည်း ပိတ်သိမ်းခြင်း မရှိ၍ စက်တင်ဘာလ ၁၆ ရက်နေ့ညနေတွင် ဒေသခံများက ဝိုင်းဝန်းဖျက်ဆီးခဲ့ပြီး ဆိုင်ပိုင်ရှင်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်၊ ဗောဓိတစ်ထောင်တောင်တန်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးနိုင်ရေး တိုင်းအစိုးရထံ ဘတ်ဂျက်တောင်းခံထားကြောင်း မုံရွာမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနထံမှ သိရသည်။
ပဲခူးတိုင်း သနပ်ပင်မြို့နယ် တရားရေးရုံးမှ တာဝန်ရှိသူများ မြေအပ်ဝရမ်းအပ်ရာတွင် ဥပဒေဘောင် ကျော်လွန်ခဲ့သည်ဟုဆိုပြီး သနပ်ပင်ဒေသခံ ၁၀၀ ကျော်က စက်တင်ဘာလ ၁၇ ရက်နေ့နံနက်ပိုင်းက ယင်းမြို့အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲဦးဆောင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုဘဏ္ဍာနှစ်အတွင်း မြစ်ရေတိုက်စားသည့်အတွက် မြစ်ကမ်းပါးပြိုကျမှုများ မကြာခဏဖြစ်ပေါ်နေရာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကထက် ၄ ဆကျော်မြင့်တက်ကြောင်း ယင်းတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနထံမှ သိရသည်။
တရားမဝင်ငါးဖမ်းနေမှုများကို စိစစ်အရေးယူပေးရန် နှောင့်နှေးသည်ဟုဆိုကာ ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူးအပါအဝင် ဟင်္သာတမြို့နယ်၊ အင်းတင်ဒါ စိစစ်ရေးကော်မတီဥက္ကဋ္ဌတို့ကို စစ်ဆေးအရေးယူပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံ ရေလုပ်သားများက တိုင်ကြားထားကြောင်း ဦးဆောင်တိုင်ကြားသူ ရေလုပ်သားအဖွဲ့အတွင်းရေးမှူး ဦးစိန်ဝင်းက ပြောကြားသည်။
18-Sep-2018 tagged as ဆန္ဒပြ TNLA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် နေထိုင်သည့် နန်းမိုဟွမ်ကို တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားခြင်းကို အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် TNLA ကိုကန့်ကွက် ဆန္ဒပြပွဲ စက်တင်ဘာလ ၁၇ ရက်က နမ့်ခမ်းမြို့တွင် လူငါးထောင်ခန့် ဆန္ဒပြခဲ့ကြသည်။