News

20-Jan-2017 tagged as မွန်ပြည်နယ်
မွန်အမျိုးသားနေ့ အခမ်းအနားအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
19-Jan-2017 tagged as လက်နက်ကိုင်
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှူး တစ်ဦးကို လက်နက်ကိုင်အဖွဲ့ တစ်ခုက သတ်ဖြတ်သွားသည့်ဖြစ်ရပ်နှင့် ပတ်သက်၍ ဖော်ထုတ်ပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ စာပေးပို့၍ အသိပေး တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
19-Jan-2017 tagged as ထားဝယ် BIA
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ထားဝယ်စစ်ကြောင်းမှ ရဲဘော် များအပါအဝင် မကျွတ် မလွတ်သေးသည့် BIA ရဲဘော်အားလုံးအတွက် အကျွတ်အလွတ်ပွဲကို ဇန်နဝါရီလ ၁၈ ရက် ညက ကျင်းပခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ယူနက်စကို ဝင်နိုင်ရန်အတွက် ဆောင်ရွက်မည့် အစီအမံများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ခံရမှုများအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီးလီက ပြောကြားခဲ့သည်။
18-Jan-2017 tagged as
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အပါအဝင် ဝန်ကြီးဟောင်းများကို ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း သုံးထောင်နီးပါး သုံးစွဲမှုနှင့် ပတ်သက်ပြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက စစ်ဆေးလျက်ရှိကြောင်း မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
18-Jan-2017 tagged as ပုသိမ်
ပုသိမ်အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က ဆူပူအော်ဟစ် ရမ်းကားခဲ့ကြသူ လေးဦးကို ပုသိမ်မြို့နယ် တရားရုံးက ယနေ့ (ဇန်နဝါရီ ၁၈ ရက်) ၌ ထောင်ဒဏ် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က နေအိမ်အတွင်းသို့ ဝင်ရောက်၍ အမည်မသိ လူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခြင်းကြောင့် အမျိုးသား တစ်ဦး သေဆုံးကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရခိုင်ပြည်နယ် ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီသည် လေးရက်တာ ခရီးစဉ် ပြီးဆုံးသဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မြန်မာလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
16-Jan-2017 tagged as ပုသိမ်
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၈) နယ်မြေရှိ သရောင်းချောင်းသုဿန်တွင် အသုံးပြုနေသော မနောဖြူ မီးသင်္ဂြိုဟ်စက်မှ အောက်ခံ မီးထိုးပေါက် သံတုံးများမှာ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းက ကျိုးကာ ချိုးယွင်းခဲ့ကြောင်း မနောဖြူ လူမှုကူညီရေး အဖွဲ့ထံမှ သိရှိရသည်။
16-Jan-2017 tagged as တပ်မတော် TNLA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ်တွင် တပ်မတော်နှင့် တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းပြဒါးတောင်တွင် ဇန်နဝါရီလ ၁၄ ရက် နံနက် ၄ နာရီခန့်က ထင်းခုတ်ရန် လှည်းဖြင့် တောတက်လာသူ လေးဦးကို လက်နက်ကိုင်ဆောင်ထားသူများက ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့ မြောင်းမြ အကျဉ်းထောင်တွင် ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းက ထောင်တံခါးမကြီး ဝင်ပေါက်တွင် WY စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မုံရွာမြို့၏ အဓိက လမ်းမကြီးများ ဘေးတွင် ရောင်းချနေသည့် ကျူးကျော်ဈေးဆိုင်များကို ရှင်းလင်းပြီးနောက် ဈေးသုံးခုနှင့် အခြားနေရာလွတ်များတွင် နေရာသစ် ချထားပေးမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ် တွင် တပ်မတော်နှင့် တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုမှာ ပိုမိုပြင်းထန်လာကြောင်း ဒေသခံများနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထံမှ သိရသည်။