News

POST SECTION

POPULAR POST

13-May-2018
မန်စီးတီးအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကွင်းလယ်နှင့် တိုက်စစ်တို့ကို အင်အားဖြည့်တင်းရန်အတွက် နာပိုလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုနှင့် လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်တို့ကို ပထမဦးစားပေးအဖြစ် သတ်မှတ်၍ ခေါ်ယူရန် ကြိုးပမ်းသွားတော့မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
09-May-2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ မန္တလေးမှာ လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ
09-May-2018
စစ်ဘေးရှောင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဒုက္ခသည် စခန်းအသီးသီးသို့ ရောက်ရှိပြီး ပြန်လာသည့် ဒုက္ခသည် ၇၃ ဦးကို ၎င်းတို့၏ မူရင်းနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
05-May-2018
ကနေဒါနိုင်ငံ Humber College တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားများမှာ Undergraduate Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်နေ့နှင့် စက်တင်ဘာလ ၂၈ ရက်နေ့များတွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။ သင်တန်းများကို ၂၀၁၈ ခုနှစ် စက်တင်ဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီတို့တွင် စတင်မည်ဖြစ်သည်။
01-May-2018
လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် မဲစာရင်းများ ပြုစုနေပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။
29-Apr-2018
ဆီဗီလာအသင်းတာဝန်ရှိသူများသည် လီဗန်တေးက ဆီဗီလာကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော စပိန်လာလီဂါပွဲစဉ်အပြီးတွင် အရေးပေါ်ဒါရိုက်တာအစည်းအဝေးတစ်ရပ်ခေါ်ယူ၍ နည်းပြ မွန်တဲလားကို ရာထူးထုတ်ပယ်ရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Apr-2018
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များပါသော ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြန်လည်လက်ခံရေးစခန်းများအထိ လိုက်လံပြသရန် စီစဉ်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
28-Apr-2018
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့အနေနှင့် ရွှေတံဆိပ် နှစ်ခုရယူနိုင်ရန် မျှော်မှန်းထားကြောင်း ပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြသန်းထိုက်က ပြောကြားသည်။
25-Apr-2018
ရန်ကုန်-ပုသိမ် လမ်းမကြီးမှတစ်ဆင့် ပုသိမ်-ငပုတော-မြောင်းမြ-လပွတ္တာမြို့များသို့ သွားလာနိုင်ရန်အတွက် ငပုတောမြို့နယ် တူးမြောင်းရွာဘက်ကမ်းနှင့် မြောင်းမြမြို့နယ် ညောင်ချောင်းလေးရွာဘက်ကမ်းတို့ကို ဆက်သွယ်ထားသော ပမ္မဝတီမြစ်ဖြတ်ကူးသည့် “တူးမြောင်း-ညောင်ချောင်းလေး” ဇက်ဆိပ်သစ်တွင် ယနေ့ (ဧပြီလ ၂၅ ရက်) နံနက်ပိုင်းမှစတင်၍ အခမဲ့ပိုဆောင်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
25-Apr-2018
နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးကာ လွတ်လပ်စွာ သွားလာခွင့်ပြုမည့် အစိုးရ၏အစီအစဉ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး လွှတ်တော်တွင် အဆိုတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။