POST TYPE

POPULAR POST

မူးယစ်ဆေး သုံးနေသော တပ်မတော်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ
03-Jul-2017 tagged as မူးယစ်ဆေးဝါး

ကျိုင်းတုံ၊ ဇူလိုင် ၂ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် တာဆော့ရွာအနီးတွင် ဇူလိုင်လ ၁ ရက်  နံနက်ပိုင်းက မူးယစ်ဆေး သုံးနေသော တပ်မတော်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း မိုင်းခတ်မြို့မ ရဲစခန်းထံမှ သိရသည်။ 

အဆိုပါ နေ့ရက်က ပူးပေါင်းအဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း သတင်းရရှိ၍ အခင်းဖြစ်နေရာသို့ သွားရောက်ရှာဖွေခဲ့ရာ မိုင်းခတ်စစ်ဗျူဟာမှ တပ်ကြပ်ကြီး တင်ဝင်းနိုင် (၃၉ နှစ်) နှင့် မိုင်းခတ်မြို့မ ရဲစခန်းမှ ရဲတပ်သား အောင်ပြည့်ဖြိုး (၂၅ နှစ်) တို့ထံမှ စိတ်ကြွဆေးပြား လေးပြားနှင့် ဆေးရှူရာတွင် အသုံးပြုသော ခဲပြားတို့ကို ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း၊ ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

၎င်းတို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း မိုင်းခတ်မြို့မ ရဲစခန်းထံမှ သိရသည်။  

R-16