News

POST TYPE

POPULAR POST

Facebook ပေါ်မှာ ဖတ်စရာ
20-Aug-2016

အစားအသောက် အသစ်အဆန်း တစ်ခုခု လုပ်စားကြဖို့ ဟင်းချက်နည်းတွေ လိုက်ရှာနေလား။

Wutyee Food House ဆိုတဲ့ ဖေ့ဘုတ်ပေါ်က စာမျက်နှာလေးတစ်ခုကို ညွှန်းပါရစေ။

အဲ့ဒီစာမျက်နှာမှာ ဝက်သားနီချက်၊ ကြက်သားအာလူးဟင်း စတဲ့ မြန်မာဟင်းချက်နည်းတွေ သာမက နိုင်ငံတကာက ဟင်းချက်နည်းတွေကိုလည်း လေ့လာနိုင်ပါတယ်။

မုန့်တီ၊ မုန့်ဟင်းခါး၊ ပလာတာ၊ အိန္ဒိယစတိုင် စမူဆာကြော်၊ ကိုရီးယားထမင်းလိပ်၊ ဘာဂါအမျိုးမျိုး၊ ပန်ကိတ်၊ ကူဖီးမလိုင်၊ ဖျော်ရည်အမျိုးမျိုး အစရှိတဲ့ သွားရည်စာ အမျိုးမျိုး ပြုလုပ်နည်းတွေ ရှိသလို သာခွေယိုင်၊ မုန့်လုံးရည်ပေါ်၊ သာကူအုန်းနို့စမ်း၊ ရွှေရင်အေး၊ မုန့်ကြာစေ့ အစရှိတဲ့ အချိုပွဲ အမျိုးမျိုး လုပ်နည်းတွေလည်း ဖော်ပြထားတာမို့ အားလပ်ရက် အိမ်မှာ မုန့်လုပ်စားချင်ကြသူတွေ အတွက် စိတ်ကြိုက်ဖြစ်စေနိုင်မှာပါ။

သားသားမီးမီးတို့ရဲ့ ထမင်းဘူးကို စားချင်စဖွယ် ပြင်ဆင်ထည့်ပေးချင်တဲ့ မေမေတို့အနေနဲ့ ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတဲ့ ပုံစံတွေနဲ့ နည်းလမ်းတွေကိုလည်း အဲ့ဒီစာမျက်နှာမှာ လေ့လာနိုင်ပါသေးတယ်။

ချက်ပြုတ်နည်းတွေကို တစ်ဆင့်ချင်း ရှင်းရှင်းလင်းလင်းနဲ့ ပြည့်ပြည့်စုံစုံ ရေးသားထားတာမို့ အစားအစာသစ်အဆန်းတွေကို နည်းလမ်းဖတ်ပြီး ချက်ကြည့်ချင်သူတွေအတွက် အဆင်ပြေစေနိုင်မှာပါ။

https://www.facebook.com/wutyeefoodhouse/  မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။