News

POST TYPE

POPULAR POST

ပြည်တွင်းထွက် အမဲသားဝယ်ယူရန် တရုတ်ကမ်းလှမ်း
20-Jun-2017


ရန်ကုန်၊ ဇွန် ၁၉

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ထွက်ရှိသည့် အမဲသားများကို ဝယ်ယူရန်အတွက် ပြည်တွင်းမှ မွေးမြူရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ် ကမ်းလှမ်းထားကြောင်း မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။ 

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှထွက်ရှိသည့် နွားအသားများကို အဓိက ဝယ်ယူရန်အတွက် ကမ်းလှမ်းထားခြင်းဖြစ်ပြီး အသားဝယ်ယူရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။ 

“တရုတ်သံအမတ်ကြီးက လာဖို့ ဖိတ်ထားတယ်။ သူတို့က နွားအသေ ဝယ်ချင်တာ။ မြန်မာပြည်က အမဲသားကို သိပ်ကြိုက်တာ။ အရည်အသွေး ဘယ်လောက်ညံ့နေပါစေ၊ တရုတ်တွေက ဝယ်နေတာ။ သူတို့ဟာ သူတို့ နည်းပညာတွေနဲ့ ပြန်ပြင်စားတာ”ဟု မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းစိန်က ပြောကြားသည်။ 

လယ်ယာကဏ္ဍအတွက် အရေးပါသည့် ခိုင်းကျွဲ၊ ခိုင်းနွားများကို ထိန်းသိမ်းနိုင်ရန် ၁၉၄၇ ခုနှစ်ကတည်းကပင် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ ပြည်ပ တင်ပို့မှုကို တားဆီးထားပြီး လက်ရှိအချိန်အထိ ကျွဲ၊ နွားများနှင့် အတွင်းကလီစာများမှာ ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ တရားမဝင် တင်ပို့နေမှုများကြောင့် နိုင်ငံတော် အခွန်ရရှိရန်အတွက် တရားဝင် တင်ပို့ခွင့် ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။ 

J-11

  • VIA