News

POST TYPE

POPULAR POST

မုံရွာတွင် မူးယစ်ဆေးများ စံချိန်တင် စွန့်ပစ်၊ နေရာ ခုနစ်ခုတွင် ဆက်တိုက်တွေ့
20-Jun-2017


မုံရွာ၊ ဇွန် ၁၉

မုံရွာမြို့နယ်တွင် စံချိန်တင် မူးယစ်ဆေးဝါးများ စွန့်ပစ်နေမှုကို ဇွန်လ ၁၉ ရက်နေ့က ဆက်တိုက် ရှာဖွေ တွေ့ရှိခဲ့ပြီး အမှိုက်ပုံများ၊ လူမနေသော နေရာများနှင့် လမ်းဘေး နေရာများတွင် ၇ နေရာ ဆက်တိုက် မူးယစ်ဆေး စွန့်ပစ်ထားမှုများ တွေ့ရှိရကြောင်း နယ်မြေခံရဲစခန်းထံမှ သိရသည်။

မုံရွာမြို့နယ် ထန်းတောရပ်ကွက်နှင့် နန္ဒဝန်ရပ်ကွက် လမ်းဘေးတွင် စွန့်ပစ်ထားသည့် အထုပ်များအတွင်းမှ မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး၊ ရဲတပ်ဖွဲ့က လိုက်လံ သိမ်းဆည်းနေရကြောင်း ၎င်းတို့ထံမှ ဆက်လက် သိရှိရသည်။ 

ထန်းတောရပ်ကွက် ကျေးဇူးရှင် ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း ဘေးလမ်းပေါ်တွင် စွန့်ပစ်ထားသော ဆာလာအိတ်အဖြူ နှစ်အိတ်တွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှ တပ ဆေးပြားများနှင့် ဖြူဝါရောင် အမှုန့်ပါ ဆပ်ပြာခွက်များ တွေ့ရှိရပြီး နန္ဒဝန်ရပ်ကွက်တွင်းရှိ နေရာခြောက်ခုတွင်လည်း စွန့်ပစ်အိတ်များ ဆက်တိုက် တွေ့ရှိခဲ့ကြောင်း  နယ်မြေရဲစခန်း၏ စခန်းမှူး ရဲအုပ်ရဲအောင်က ပြောကြားသည်။

“ထန်းတောဘုန်းကြီးကျောင်းဘေးမှာ ပစ်ထားတဲ့ အထုပ်တွေကို ကစားနေတဲ့ ကလေးတွေက တွေ့လို့ သတင်းပေးတာပါ။ နန္ဒဝန်မှာလည်း ဆက်တိုက် ခြောက်နေရာ တွေ့ပါတယ်”ဟု ထန်းတော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ပပက ပြောဆိုသည်။

အဆိုပါ ရပ်ကွက်(၂)ခုမှ တွေ့ရှိ သော ဆေးပြားပေါင်း တစ်သိန်းနှင့် မူးယစ်ဆေးဟု ယူဆရသောအထုပ်ပေါင်း ၁၀၆၈ ထုပ်ကို အလေးချိန်နှင့် တန်ဖိုးအား တွက်ချက်စစ်ဆေးနေကြောင်း နယ်မြေရဲစခန်းမှ သိရသည်။ 

R-08

  • VIA