News

POST TYPE

POPULAR POST

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်သူ ၇၀ဝ နီးပါး ရောက်ရှိ
19-Jun-2017

မော်လမြိုင်၊ ဇွန် ၁၉

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ယခု နှစ်မိုးရာသီတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ၅ လကျော် ကာလအတွင်း ၇၀ဝ နီးပါးခန့် ရောက်ရှိနေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင်  ဧပြီလမှ ဇွန်လ ၁၈ ရက်အထိ  ၆၉၅ ဦးရှိပြီး မော်လမြိုင်တွင် အများဆုံး ဖြစ်ပွားပြီး ချောင်းဆုံမှာ ဒုတိယ အများဆုံး ဖြစ်ပွားကြောင်း၊ ရောဂါကာကွယ်မှု အနေနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်တို့ကို ပုံမှန်ပြုလုပ်ကြောင်း ပြည်နယ် ဒုတိယ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဉာဏ်ဆင့်က ပြောကြားသည်။

ယခင် ၂၀၁၆ ခုနှစ် ဇွန်လတွင် မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ၆၀ဝ သာရှိပြီး ယခုနှစ်၌ ၅ လကျော်တွင်ပင် ၇၀ဝ နီးပါးဖြစ်လာပြီး တစ်ရာကျော် တိုးလားကြောင်း၊ ဇွန်လ ပထမအပတ် တစ်ပတ်အတွင်း ဖြစ်ပွားမှုမှာ ၉၉ ဦးရှိပြီး ဒုတိယအပတ်တွင် ဖြစ်ပွားမှု ၁၃၀ ဦး ကျော်ရှိလာကြောင်း ၎င်းထံမှ သိရသည်။

“သူ့ရာသီချိန်ဆိုတော့ ဖြစ်တာများတယ်၊ ဆေးရုံဆေးခန်းတွေ စာရင်းအရတော့ သေဆုံးမှု မရှိသေးဘူး”ဟု ဒေါက်တာ ဉာဏ်ဆင့်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးမြို့နယ်မှာ မော်လမြိုင်မြို့နယ်တွင် ၂၀၁ ဦး၊ ချောင်းဆုံမြို့နယ်တွင် ၁၂၅ ဦးနှင့် မုဒုံမြို့နယ်တွင် ၁၁၀ ဦးဟူ၍  ဖြစ်ပွားလျက်ရှိကြောင်း ဖြစ်ပွားမှုအနည်းဆုံးမှာ သထုံမြို့နယ်ဖြစ်ကြောင်း၊  ၂၀၁၅ ခုနှစ်မှာ သွေးလွန်တုပ်ကွေး  ၅၂၉၃ ဦးဖြစ်ပွားခဲ့ပြီး သေဆုံးမှုမှာ ၄ ဦး ရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ၆၀ဝ ကျော်သာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ မရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

  • VIA