News

POST TYPE

POPULAR POST

အရက်မူးနေသော ဖခင်က သမီးအရင်းအား သားမယားပြုကျင့်
19-Jun-2017

မြိတ်၊ ဇွန် ၁၉

အရက်မူးနေသော ဖခင်က သမီးအရင်းအား သားမယား ပြုကျင့်မှုတစ်ခု မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးငယ်ရပ်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

လွန်ခဲ့သည့် ၃ လခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူဖြစ်သည့် သမီးဖြစ်သူ နေမကောင်း ဖြစ်နေသည့်အတွက် ဇွန်လ ၁၇ ရက်က မိခင်ဖြစ်သူက မေးမြန်းရာမှ သိရခြင်းဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းတွင် ဖော်ပြသည်။ 

သမီးဖြစ်သူ၏ ဖြေကြားချက်အရ ပြီးခဲ့သည့် ဧပြီလက နေအိမ်တွင် လူများ မရှိခိုက် အရက်မူးနေသော ဖခင်က သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း ရဲစခန်းမှတ်တမ်းတွင် ဖော်ပြသည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူက တရားလိုပြု တိုင်တန်းသဖြင့် ဖခင်ဖြစ်သူအား မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

ထို့ပြင် ယခုဇွန်လ ၁၀ ရက်က ကျောက်ဖျာကျေးရွာတွင် အလားတူဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

Dawei Watch

  • VIA