POST TYPE
POPULAR POST
ကောင်းကင်ပေါ်တွင် မျက်လုံးပေါင်း ထောင်သောင်း စောင့်ကြည့်နိုင်သည့်ခေတ် ရောက်မည်ဟုဆို
ပါရီ၊ ဇွန် ၁၅

SkEye WAPS ဟု အမည်ပေးထားသည့် စနစ်ကို အစ္စရေးတို့က ပြင်သစ်နိုင်ငံတွင် ကျင်းပနေသည့် 2017 Paris Airshow တွင် ပွဲထုတ်ပြသခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
မောင်းသူမဲ့ လေယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် အထူးပြုလုပ်ထားသော “Eye in the sky” ကင်မရာက မြေပြင်မှ ကီလိုမီတာ ၈၀ တစ်ဝိုက်ကို စောင့်ကြည့်နေရုံမက၊ ဗီဒီယိုရိုက်ယူခြင်း၊ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်းတို့ကို ထိရောက်ပြတ်သားစွာ ပြုလုပ်နိုင်ခြင်းအား သရုပ်ပြပြီး ဒေသအတွင်း လုံခြုံရေးကို အထူးဆောင်ရွက်နိုင်မည့်ခေတ် ရောက်လာပြီ ဖြစ်ကြောင်း ပြောကြားသည်။
SkEye WAPS ကို မောင်းသူမပါ ကောင်းကင်ပေါ်တွင် ထောက်လှမ်းရေးယာဉ်အဖြစ် လွှတ်တင်ထားပြီးနောက် မိမိထောက်လှမ်းလိုသည့် ဧရိယာအရောက် ထိန်းချုပ်ပို့ဆောင်ကာ တစ်နေရာမှ စောင့်ကြည့်ပြီး၊ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးကာကွယ်ရေးနှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ဒေသအတွင်း လုံခြုံရေးကိစ္စများ အတွက် အထူးဆောင်ရွက်နိုင်မည် ဖြစ်သည်။
ယင်းကင်မရာစနစ်တွင် Electro Optic ဆင်ဆာများကို ထည့်သွင်းထားသောကြောင့် ပုံများကို စိတ်ကြိုက်ဖမ်းယူ တည်းဖြတ်နိုင်သည့်အပြင် စနစ်တစ်ခုလုံးတွင် ဒေတာများကို မြောက်မြားစွာ သိုလှောင်နိုင်ခြင်း၊ ပုံများကို တည်းဖြတ်နိုင်သည့် ဆော့ဖ်ဝဲများ ထည့်ပေးထားခြင်းကြောင့် ချက်ချင်းခြေရာခံ တုံ့ပြန်မှုများ ပေးနိုင်ခြင်း စသည့် အကျိုးတရားများကို ခံစားရမည် ဖြစ်သည်။
မောင်းသူမဲ့ ဒရုန်းလေယာဉ်နှင့် ကင်မရာစနစ်ကို SCMC (Control and Management Center) ကတစ်ဆင့် ထိန်းချုပ်နိုင်ပြီး၊ ကင်မရာက တစ်စုံတစ်ခုသော မသင်္ကာစရာ လှုပ်ရှားမှုများကို တွေ့လျှင် အခြေစိုက်စခန်းသို့ အချက်ပြန်ပေးသည့် စနစ်များကိုပါ တပ်ဆင်ထားသည်။
“Eye in the sky” ကို ယခုအခါ ကာကွယ်ရေးဌာနများတွင် အသုံးပြုလျက်ရှိပြီး တစ်ကမ္ဘာလုံးရှိ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် စောင့်ကြည့်မည့်စနစ်များအဖြစ် တိုးမြှင့်သုံးစွဲနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း AFP သတင်းတွင် ရေးသားထားသည်။
-
21-Apr-2018
-
21-Apr-2018
-
21-Apr-2018
-
21-Apr-2018
-
21-Apr-2018
-
21-Apr-2018
-
02-Apr-2018