News

POST TYPE

POPULAR POST

နေပြည်တော်တွင် ကားချင်းတိုက်မိ၍ နှစ်ဦး သေဆုံး၊ ၃၈ ဦး ဒဏ်ရာရ
12-Jun-2017
တောင်ငူ၊ ဇွန် ၁၂

နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် မိုးသောက်ပန်းလမ်းဆုံ အနီးတွင် ယနေ့ (ဇွန်လ ၁၂ ရက်) နံနက် ၈ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် ဖောကားတစ်စီး တိုက်မိရာမှ နှစ်ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒက္ခိဏသီရိမြို့နယ် မိုးသောက်ပန်းလမ်းအတိုင်း ဒက္ခိဏသီရိ ရပ်ကွက်ဘက်သို့မောင်းနှင်းလာသည့် မန္တလာမင်း ခရီးသည်တင်ယာဉ်နှင့် ပန်းရံလုပ်သား ၃၀ ကျော် တင်ဆောင်ပြီး အသာဝတီလမ်းအတိုင်း မောင်နှင်းလာသည့် ဖောကားတစ်စီး မိုးသောက်ပန်းလမ်းဆုံအနီး တိုက်မိခဲ့ကြခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဖောကားဖြင့် လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ ၃၁ဦးကို ကုတင် ၁၀၀၀ ဆေးရုံနှင့် ကျန်ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦးကို ကုတင် ၁၀၀ ဆေးရုံများကို ပို့ဆောင်ကုသပေးနေသည်။

အဆိုပါ ဖောကားပေါ် လိုက်ပါလာသူများသည့် ဒက္ခိဏသီရိရပ်ကွက် အမျိုးသမီးရေးရာရုံး နောက်ကျောဖက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုသို့ ကွန်ကရစ်လောင်းရန် နေပြည်တော်ကောင်စီအနီးရှိ ကျေးရွာတစ်ရွာမှ ပန်းရံလုပ်သားများ လိုက်ပါလာခြင်း ဖြစ်သည်။

R-15
ဓါတ်ပုံ-NNM