News

POST TYPE

POPULAR POST

ကျောင်းသားများထက် ၁၂ ဆ ပိုမြန်စွာတွက်ချက်နိုင်သော သင်္ချာစက်
11-Jun-2017 tagged as နည်းပညာ တရုတ်

AI ဟုခေါ်သည့် ဉာဏ်ရည်တုနှင့် စွမ်းဆောင်နိုင်စွမ်းမြင့်သော ကွန်ပျူတာများကို တီထွင်လာကြချိန်တွင် တရုတ်နိုင်ငံ ဇီချွမ်းပြည်နယ်၊ ချန်ဒူး၌ တက္ကသိုလ်မှ ပညာရှင်များ တီထွင်ထားသည့် သင်္ချာစက်က ကျောင်းသားများထက် ၁၂ ဆ ပိုမြန်စွာ သင်္ချာပုစ္ဆာများကို တွက်ချက်နိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

Server ၁၁ လုံး ထည့်ထားသည့် သေတ္တာပုံစံအမြင့် တည်ဆောက်ထားသည့် ကွန်ပျူတာစက်ကြီးက ချန်ဒူးမြို့တွင် သင်္ချာကျောင်းသားများနှင့် အပြိုင်တွက်ချက်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

AI-Maths ဟု အမည်ပေးထားသည့် သင်္ချာတွက်စက်သည် ၂၂ မိနစ်အတွင်း အမှတ် ၁၅၀ ပေးထားသည့် သင်္ချာပုစ္ဆာများကို ကျောင်းသားများထက် ၁၂ ဆ စောပြီးကာ ၁၀၅ မှတ်အထိ မှန်ကန်စွာ ဖြေဆိုနိုင်ခြင်း ရှိခဲ့ကြောင်း အံ့သြစွာ တွေ့ရှိခဲ့ကြရသည်။

အချိန် ၂ နာရီကြာ ဖြေဆိုကြရသည့် မေးခွန်းများကို AI-Maths ကွန်ပျူတာက ၁၀ မိနစ်အတွင်း ဖြေဆိုနိုင်ခဲ့ပြီး အမှတ် ၁၅၀ ပေးထားသည်ကို ၁၀၀ ရအောင်လည်း ဖြေဆိုနိုင်ခဲ့သည်။ 

သင်္ချာမေးခွန်းများနှင့် AI စက်က ဖြေဆိုနေပုံများကို မီဒီယာများ ကြည့်နိုင်ရန် ဖန်သားပြင်ပေါ်တွင် ပြသထားပြီး အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့သည်။ 

AI-Maths သင်္ချာစက်ကို ၂၀၁၄ ခုနှစ်က စတင်ပြီး ချန်ဒူးအခြေစိုက် Zhunxingyunxue Technology ကုမ္ပဏီက တီထွင်ခဲ့ကာ၊ ဆင်ဟွာတက္ကသိုလ်မှ နည်းပညာရှင်များ၏ အထောက်အပံ့များဖြင့် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လာမည့်နှစ်တွင် AI သင်္ချာစက်သည် အမှတ် ၁၅၀ ပေးထားသည်ကို ၁၃၀ အထိ ရရှိအောင် ဖြေဆိုနိုင်ရန် ထပ်ဆင့် တိုးမြှင့်တီထွင်သွားမည်ဟု ကုမ္ပဏီ၏ စီအီးအို လင်ဟွေးက Xinhua သတင်းဌာနသို့ ပြောကြားသည်။