News

POST TYPE

POPULAR POST

ပျက်ကျ တပ်မတော်လေယာဉ်မှ ရုပ်အလောင်းများ စမ်းလှမ်းကမ်းခြေ စရောက်
08-Jun-2017 tagged as တပ်မတော်

ထားဝယ်၊ ဇွန် ၈

ပျက်ကျ တပ်မတော်လေယာဉ်တွင် လိုက်ပါသည့် ခရီးသည်များ၏ ရုပ်အလောင်းများကို လိုက်လံရှာဖွေဆယ်ယူလျက်ရှိပြီး လက်ရှိတွင် လောင်းလုံးမြို့မှ ၄ မိုင်ခန့်ကွာသည့် စမ်းလှမ်းကမ်းခြေသို့ အလောင်းများကို သယ်ယူနေပြီး ဖြစ်ကြောင်း လိုက်လံကူညီဆယ်ယူနေသည့် ငါးဆွဲလှေပဲ့နင်း တစ်ဦးက ပြောသည်။

ပထမဆုံး စမ်းလှမ်းကမ်းခြေသို့ ထွက်ခွာသွားသည့် လှေတစ်စီးတွင် အလောင်း ၈ လောင်း ပါလာပြီး လက်ရှိ ၎င်း၏ လှေပေါ်တွင် အလောင်း ၄ လောင်း ရောက်ရှိနေပြီး ထွက်ခွာရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း အဆိုပါ ပဲ့နင်းက ပြောသည်။

စမ်းလှမ်းကမ်းခြေတွင် ကယ်ဆယ်ရေးအတွက် လူနာတင်ယာဉ်များ အဆင်သင့် စောင့်ဆိုင်းနေကြောင်း DW သတင်းထောက်က သတင်းပေးပို့သည်။

ယမန်နေ့က ပျောက်ဆုံးခဲ့သည့် တပ်မတော် လေယာဉ်၏ အပျက်အစီးနှင့် ရုပ်လောင်းအချို့အား ယနေ့ (ဇွန်လ ၈ ရက်) နံနက် ၈ နာရီ ၁၈ မိနစ်တွင် ကျောက်နီမော်ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံးမြို့၏ အနောင်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင်အတွင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လူမှုကွန်ရက် စာမျက်နှာမှ သတင်းထုတ်ပြန်ထားသည်။

Dawei Watch