News

POST TYPE

POPULAR POST

မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာသည့် တပ်မတော်လေယာဉ် ပျောက်ဆုံး
07-Jun-2017
(ပုံစာ- ပျောက်ဆုံးနေသည့် တပ်မတော်လေယာဉ်နှင့် အမျိုးအစားတူ လေယာဉ်တစ်စင်း)

ရန်ကုန်၊ ဇွန် ၇

မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာသည့် တပ်မတော်လေယာဉ် ဆက်သွယ်မှုပြတ်တောက်၍ ပျောက်ဆုံးနေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါလေယာဉ်သည် ယနေ့ (ဇွန်လ ၇ ရက်) မွန်းလွဲ ၁ နာရီကျော်က အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပျံသန်းထွက်ခွာလာစဉ် ၁ နာရီခွဲအကျော် ထားဝယ်မြို့ အနောက်ဘက်မိုင် ၂၀ ခန့် အရောက်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ထို့ကြောင့် ပျောက်ဆုံးနေသည့် သက်သာချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သည့် တပ်မတော်လေယာဉ်ကို လေယာဉ်၊ ရေယာဉ်များဖြင့် ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ သတင်းကို မြန်မာ့တပ်မတော်ပိုင် မြဝတီ မီဒီယာက အတည်ပြုသော်လည်း ခရီးသည် ၁၀၀ ကျော် လိုက်ပါလာသည် ဆိုသည်နှင့်ပက်သတ်၍ အတည်ပြုခြင်း မရှိသေးပေ။


  • VIA