News

POST TYPE

POPULAR POST

စုံတွဲနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်မှ မူးယစ်ဆေးဝါးများ ဖမ်းမိ
06-Jun-2017 tagged as မူးယစ်ဆေးဝါး

ကျိုင်းတုံ၊ ဇွန် ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၊ မိုင်းလျန်းကျေးရွာအနီးတွင် ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းအဖွဲ့က စစ်ဆေးရှာဖွေရာမှ ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၈ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းပျဉ်းမြို့မ ရဲစခန်းထံမှ သိရသည်။

“ကောင်လေးနဲ့ ကောင်မလေးက လင်မယားလား၊ သမီးရည်းစားလား ဆိုတာတော့ မသိရသေးဘူး” ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကို မယ(ပ) ၇/၂၀၁၇၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မိုင်းပျဉ်းမြို့မ ရဲစခန်းထံမှ သိရသည်။

R-16