News

POST TYPE

POPULAR POST

အရှေ့ပိုင်းခရိုင် တရားရုံး အချုပ်ခန်းအတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းမိ
04-Jun-2017 tagged as မူးယစ်ဆေးဝါး

ရန်ကုန်၊ ဇွန် ၃

အရှေ့ပိုင်းခရိုင်တရားရုံး အချုပ်ခန်းတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသူများထံသို့ ဧည့်တွေ့လာရောက်သူနှင့် အချုပ်သားများထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးမှုဖြင့် အချုပ်ကျနေသော သားဖြစ်သူထံ လာရောက်တွေ့ဆုံသည့် အသက် ၅၆ နှစ်အရွယ် ဒေါ်ကြေးမုံအား သတင်းအရ ရှာဖွေစစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသော မိန်းမကိုင် ပိုက်ဆံအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားတစ်ပြားနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ ၎င်းပေးပို့ခဲ့သည့် ပါဆယ်ထုပ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြား၊ ၈၈ စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား နှစ်ပြားနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဖမ်းမိတာက မေလ ၃၁ ရက်နေ့ကပါ၊ သူတို့အဖွဲ့က မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့သူတွေပါ၊ ကြိုတင်သတင်းရထားလို့ ပါဆယ်လာပို့တဲ့သူကို စစ်ဆေးလိုက်တာ၊ ပြီးတော့ သူပို့ထားတဲ့ အထုပ်တွေကို စစ်ဆေးလိုက်တဲ့အချိန်မှာ မူးယစ်ဆေးပြားနဲ့ အသုံးပြုတဲ့ ပိုက်တွေကို ထပ်မိခဲ့တာ၊ တခြားသူတွေ အားလုံးက ပါဆယ်ထုပ်တွေ အတူတူ ဝိုင်းဖောက်ကြတဲ့အတွက် အားလုံး ပူးပေါင်းပါဝင်မှုနဲ့ အမှုဖွင့်ထားပါတယ်” ဟု ယင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းမူးယစ်ဆေးဝါးများ တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရသူများမှာ အသက် ၅၆ နှစ်အရွယ် ဒေါ်ကြေးမုံ၊ ၎င်း၏သား အသက် ၃၁ နှစ်အရွယ် နေဝင်းထွန်း(ခ)အာမက်၊ အသက် ၃၃ နှစ်အရွယ် သူရိန်စိုး၊ အသက် ၃၈ နှစ်အရွယ် ဇော်ကြီး(ခ) ဇော်မင်းထွန်း၊ အသက် ၃၃ နှစ်အရွယ် မျိုးမင်းဇော်(ခ) ရာကွက်၊ အသက် ၄၆ နှစ်အရွယ် ဆံရှည် (ခ)နေဝင်းတို့ ဖြစ်ပြီး ၎င်းတို့ကို သာကေတ နယ်မြေရဲစခန်းမှ မယ (ပ) ၁၃/၂၀၁၇၊ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)၊၂၀(က) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

J-16