News

POST TYPE

POPULAR POST

ဆုံးမစကားပြောသည့် ယောက္ခမကို သားမက်က ဓားဖြင့် ထိုးသတ်
20-May-2017 tagged as မှုခင်း

မြစ်ကြီးနား၊မေ ၂၀

မြစ်ကြီးနားမြို့စီတာပူရပ်ကွက်တွင် မေလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဆုံးမစကား ပြောသည်ကို မကျေနပ်၍ သားမက်က ယောက္ခမအား ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနား မြို့မရဲစခန်းမှ သိရသည်။

ယောက္ခမဖြစ်သူ ဒေါ်လုဆွန်းက တစ်အိမ်တည်း အတူနေသော သားမက်ဖြစ်သူ ကိုမြင့်လွင်အား ဆုံးမစကားပြောသည်ကို ၎င်းက မကျေနပ်သဖြင့် အရိုးအသွား ၂၆ လက်မခန့် ရှိသော ဓားဖြင့် ဒေါ်လုဆွန်း၏ ယာဘက်ရင်အုံကို ထိုးသွင်းခဲ့ကြောင်း၊ ဒဏ်ရာရရှိသွားသည့် ဒေါ်လုဆွန်းကို မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သည့် ကိုမြင့်လွင်အား မြစ်ကြီးနား မြို့မရဲစခန်းတွင် အမှုကြီး အမှတ်စဉ် -၅/၂၀၁၇၊ (ပ) ၁၃၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း မြို့မရဲစခန်းမှ သိရသည်။

R-06