News

POST TYPE

POPULAR POST

လူတစ်ဦး သေဆုံးသည့် ပဲခူးအကြမ်းဖက်မှုမှ ခေါင်းဆောင်ကို ဖမ်းမိ
18-May-2017 tagged as မှုခင်း

တောင်ငူ၊ မေ ၁၈

ပဲခူးမြို့နယ် လိပ်ပြာကန်အနီး မေလ ၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်က လူတစ်ဦး သေဆုံးသည်အထိ အကြောင်းမဲ့ရိုက်နှက် မီးရှို့မှုဖြစ်စဉ်မှ ဦးဆောင်သူကို သင်္ကန်းဝတ်ဖြင့် ဝေါမြို့နယ် မြစ်ကျိုးကျေးရွာတွင် ဖမ်းဆီးရမိပြီး လက်ရှိဖမ်းဆီးရမိထားသည့် လူငယ်ကိုးဦးကို တရားရုံးတင်ပို့ရန် ပြင်ဆင်နေကြောင်း ပဲခူးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခင်းဖြစ်တဲ့နေ့က သားကြီး (ခေါ်) သီဟနဲ့ အပေါင်းအပါ ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး နောက် သုံး၊ လေးရက်မှာ တစ်ဦးနဲ့ အခင်းဖြစ်ပြီး တစ်ပတ်ကျော်မှာ ဦးဆောင်တဲ့ သီရိကျော်ဇော်ထက်ကို ဝေါမြို့နယ် မြစ်ကျိုးကျေးရွာမှာ ဘုန်းကြီးဝတ်ကြီးနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မေလ ၄ ရက်နေ့က အသက် ၁၉ နှစ် အရွယ်ရှိ သီရိကျော်ဇော်ထက်နှင့် အပေါင်းအပါ ကိုးဦးသည် ထန်းရည်သောက်ခဲ့ပြီးနောက် လိပ်ပြာကန်တွင် ဂစ်တာတီးနေသူ လူငယ်များကို လက်သီးဖြင့်ထိုးကာ ကန်ကြောက်ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ပဲခူးမြစ်ကူးတံတားပေါ်တွင် ဆိုင်ကယ်တစ်စီးကို တားကာ ထိုးကြိတ်ပြီး ဆိုင်ကယ်ကို မီးရှို့ခဲ့ကြောင်း ပဲခူးမြို့မ ရဲစခန်းထံမှ သိရသည်။

R-15