News

POST TYPE

POPULAR POST

အခြေခံပညာ ညွှန်/ချုပ်အဖြစ် ဒေါက်တာအောင်နိုင်စိုး တာဝန်ယူ
16-May-2017 tagged as ပညာရေး

ရန်ကုန်၊ မေ ၁၆

အဆင့်မြင့်ပညာဦးစီးဌာန ဒုညွှန်/ချုပ် ဒေါက်တာအောင်နိုင်စိုးကို အခြေခံပညာဦးစီးဌာန ညွှန်/ချုပ်အဖြစ် တာဝန်ယူစေခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက The Voice သို့ ပြောကြားသည်။

အခြေခံပညာဦးစီးဌာန ညွှန်/ချုပ် ဦးအောင်သန်းဦးသည် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက အငြိမ်းစားယူသွားသဖြင့် ဒေါက်တာခိုင်မြဲက တာဝန်ခံ ညွှန်/ချုပ်အဖြစ် ပူးတွဲတာဝန်ယူခဲ့သည်။

ယင်းနောက် လေးလခန့်အကြာ ယခု မေလဆန်းပိုင်းမှစ၍ ဒေါက်တာအောင်နိုင်စိုးကို အခြေခံပညာ ဦးစီးဌာန ညွှန်/ချုပ်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်စေခဲ့ကြောင်း ဒေါက်တာခိုင်မြဲက ရှင်းပြသည်။