News

POST TYPE

POPULAR POST

နောက်ယောက်ျား အိမ်ပေါ်ခေါ် ပေါင်းသင်းသည့် အမျိုးသမီး အရေးယူခံရ
15-May-2017 tagged as အမှု

ရန်ကုန်၊ မေ ၁၄

လေဖြတ်နေသည့် ခင်ပွန်းက ရှာဖွေလုပ်ကိုင် မကျွေးနိုင်သောကြောင့် နောက် အမျိုးသားတစ်ဦးကို နေအိမ်ပေါ် ခေါ်ဆောင်ပေါင်းသင်းခဲ့သည် ဆိုသည့် အသက် ၄၉ နှစ်အရွယ် အမျိုးသမီးကို မေလ ၁၂ ရက်နေ့က သာကေတ နယ်မြေရဲစခန်းမှ တစ်လင်တစ်မယား ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့် အရေးယူလိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အရေးယူခံရသူ အမျိုးသမီးမှာ သာကေတမြို့နယ် ၁၀ တောင်၊ ၁၂ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အိမ်ထောင်သက် ၁၇ နှစ်ကြာ ပေါင်းသင်းခဲ့သည့် ၎င်း၏ ခင်ပွန်းဖြစ်သူမှာ လေဖျန်းရောဂါ ဝေဒနာ ခံစားနေ ရသောကြောင့် အလုပ်လုပ်နိုင်ခြင်း မရှိသဖြင့် ထူပါရုံရပ်ကွက်မှ အသက် ၅၀ အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ဦးကို ၎င်း၏ နေအိမ်ပေါ် ခေါ်ဆောင်ပြီး အတူပေါင်းသင်းနေထိုင်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“လေဖြတ်နေတဲ့ ယောက်ျား နယ်က သူ့မိဘတွေဆီ ပြန်သွားချိန်မှာ အမျိုးသမီးက နောက်ယောက်ျားကို အိမ်ခေါ်ပြီး အတူပေါင်းခဲ့တာ။ လင်ကြီးက အိမ်ပြန်လာတော့ ရှာကျွေးနိုင်မယ့် နောက်ယောက်ျားကို ကျွန်မယူလိုက်ပြီ ပြောလို့ လင်ကြီးက သူ့မိန်းမကို တစ်လင်တစ်မယား ဥပဒေနဲ့ အရေးယူပေးဖို့ ရဲစခန်းမှာ တရားလိုပြု အမှုဖွင့်ခဲ့တာ” ဟု ရဲအရာရှိက ရှင်းပြသည်။

အမှုဖွင့် တိုင်ကြားခံရသည့် အိမ်ထောင်သည် အမျိုးသမီးက နေအိမ်သို့ ခေါ်ဆောင်ပေါင်းသင်းခဲ့သည့် အမျိုးသားတွင် လက်ရှိ တရားဝင် ပေါင်းသင်းနေသည့် ဇနီးရှိပြီး ၎င်းကိုပါ တစ်လင်တစ်မယား ဥပဒေဖြင့် အရေးယူရန် စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။  

S -03