News

POST TYPE

POPULAR POST

မြစ်ကြီးနားရှိ သင်တန်းကျောင်း နည်းပြဆရာ အရိုက်ခံရ၍ သေဆုံး
23-Mar-2017

မြစ်ကြီးနား၊ မတ် ၂၃

မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် အမှတ် (၂) နယ်စပ်ရေးရာ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းမှ လက်ထောက်နည်းပြဆရာတစ်ဦး အရိုက်ခံရသဖြင့် မတ်လ ၂၂ ရက်နေ့က သေဆုံးသွားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းသင်တန်းကျောင်းတွင် လက်ထောက်နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးလုကာသည် မတ်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က ရှမ်းရွာတံတားအနီး၌ အရိုက်ခံရ၍ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဝဲဘက်နားနောက် ညိုမဲဒဏ်ရာဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပိုဆောင်ကုသခဲ့ကြောင်း၊ ထို့နောက် မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီက သေဆုံးခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ပြစ်မှုကျုးလွန်သူ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေးကြောင်း နယ်မြေရဲစခန်းထံမှ သိရသည်။

R-06