News

POST TYPE

POPULAR POST

အမျိုးသားတစ်ဦး ပုခက်စီးရာမှ ပြုတ်ကျ၍ ပုခက်ကြိုး လည်ပင်းချိတ် သေဆုံး
23-Mar-2017

တောင်ငူ၊ မတ်၂၃ 

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု ငါးဗျက်အင်းကျေးရွာ၌ မတ်လ ၂၂ ရက်နေ့ ည ၉ နာရီ ခွဲခန့်က အရက်သောက်ထားသည့် အမျိုးသားတစ်ဦး ပုခက်စီးရာမှ ပြုတ်ကျ၍ ပုခက်ကြိုး လည်ပင်းကို ချိတ်မိပြီး သေဆုံးသွားကြောင်း ကျောက်ကြီးမြို့မ ရဲစခန်းထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အဆိုပါနေ့ ည ၉ နာရီခွဲခန့်က နေအိမ်နောက်ဖေး အမြင့် ၆ ပေခန့် ရှိသည့် မီးဖိုချောင်ထုတ်တန်းတွင် တပ်ဆင်ထားသည့် ပုခက်စီးနင်းနေစဉ် ရုတ်တရက် လိမ့်ကျရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15