News

POST TYPE

POPULAR POST

သမ္မတထရမ့်၏သမီး အီဗန်ကာ အိမ်ဖြူတော်တွင် ရုံးထိုင်တော့မည်
22-Mar-2017


ဝါရှင်တန်၊ မတ် ၂၁ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သမီး အီဗန်ကာသည် အိမ်ဖြူတော်တွင် ရုံးထိုင်တော့မည်ဟု အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သို့ရာတွင် သူမအနေနှင့် ထိုသို့ တာဝန် ထမ်းဆောင်မှုအတွက် တရားဝင် ရာထူးနှင့် လစာကို ရရှိမည်မဟုတ်ဟု ဆိုသည်။

အသက် ၃၅ နှစ်အရွယ် အီဗန်ကာအနေနှင့် အမျိုးအစား သတ်မှတ်ထားသော သတင်း အချက်အလက်များကို သိရှိခွင့်ရမည်ဟူသော သတင်းကိုလည်း အဆိုပါ တာဝန်ရှိသူက အတည်ပြုသည်။

သူမ၏ကဏ္ဍနှင့် တာဝန်သည် အကြံဉာဏ်ပေါင်းစုံပေးရင်း ဒေါ်နယ်ထရမ့်၏ မျက်စိနှင့် နားများအဖြစ် တာဝန်ယူ ထမ်းဆောင်ရမည်ဟု သူမ၏ရှေ့နေက ပြောကြားသည့်အတိုင်း Politico က ရေးသားထားသည်။

ကိုယ်ပိုင် ဖက်ရှင် အမှတ်တံဆိပ်တစ်ခုကို ထုတ်လုပ်ခဲ့သူ အီဗန်ကာသည် ယခုအခါ သမ္မတ၏ အကြီးတန်း အကြံပေးဖြစ်နေသူ ခင်ပွန်းသည် ဂျာရက်ကူရှနာနှင့်အတူ လုပ်ကိုင်တော့မည်ဖြစ်သည်။

သမ္မတအပေါ် သမီး၊ သမက်စုံတွဲ၏ ဩဇာလွှမ်းမှုသည် ကိုယ်ကျိုးစီးပွား ငြိစွန်းနိုင်မှု အလားအလာရှိကြောင်း သံသယ မေးခွန်းများ ထွက်ပေါ်လာစေသည်။

ထို့ပြင် ထရမ့်မိသားစု၏ နိုင်ငံရေး အလုပ်နှင့် စီးပွားရေး အလုပ်အကြား တိကျသော စည်းခြားမှုများ ရှိရဲ့လား ဟူသော ငြင်းခုံမှုများကိုလည်း ဖြစ်ပေါ်လာစေသည်။

ဇန်နဝါရီလတွင် ထရမ့် အာဏာရ လာပြီးကတည်းက အိုင်ဗန်ကာသည် ကနေဒါဝန်ကြီးချုပ် ထရူးဒိုးနှင့် ဂျာမန် အဓိပတိ မာကယ်လ်တို့အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများတွင် ပါဝင်တက်ရောက်လျက်ရှိသည်။

F-04

  • VIA