News

POST TYPE

POPULAR POST

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ်ကြောင့် မိုးဆက်လက် ရွာသွန်းမည်
06-Jan-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇန်န၀ါရီ ၆

ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ဇန်န၀ါရီလ ၆ မှ ၇ ရက်နေ့အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းအရှိန်ကြောင့် ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး မြစ်ဝကျွန်း ပေါ်ဒေသ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးအနည်းငယ် ရွာသွန်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသရှိရာ မြောက်အရှေ့ယွန်းယွန်းသို့ ဦးတည် ရွေ့လျားနိုင်ပြီး ကမ်းခြေကိုမရောက်မီ ပင်လယ်ပြင်မှာ အားပျော့လာပြီးနောက် မြန်မာ့အနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက်တွင် မိုးသက် လေပြင်း အနည်းငယ် တိုက်ခတ် သွားနိုင်ပါတယ်”ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်း ပြောဆိုသည်။