POST TYPE
POPULAR POST
ကမ်ပိန်းပြုလုပ်သည့် ဆရာဝန်များနှင့် အလုပ်မဆင်းသည့်ဆရာဝန်များ ခြိမ်းခြောက်ခံရ
05-Feb-2021

ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ရန်ကုန်မြို့က ဆေးရုံတွေမှာ ဖဲကြိုးနီလှုပ်ရှားခဲ့တဲ့ ဆရာဝန်တွေဟာ အလုပ်လာမဆင်းတဲ့အတွက် ခြိမ်းခြောက်ခံနေရတယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံမှာ တာဝန်ကျနေတဲ့ ဒေါက်တာညီညီထက်လင်းက "ကမ်ပိန်းလုပ်တဲ့နေရာမှာ အများကြီး အခက်အခဲရှိနေတယ်။ အထက်လူကြီးက ဆူတယ်။ ခြိမ်းခြောက်တယ်။ ဖြားယောင်းတယ်။ အဲ့လိုမျိုးတွေနှိမ်နေတယ်။ ဆေးရုံကို မလာတဲ့လူတွေ စာရင်းကောက်မယ်၊ ဆမသိမ်းမယ်ဆိုတာ ပြောတယ်။ လက်မှတ်အတင်းထိုးခိုင်းတဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ အခြားဆေးရုံတွေလည်း အခုလိုကြားနေရတာတွေ ရှိနေပါတယ်"လို့ ပြောပါတယ်။
ဖဲကြိုးနီကမ်ပိန်းကိုတော့ တစ်နိုင်ငံလုံး ကျယ်ပြန့်အောင်လုပ်ဆောင်မှာဖြစ်တဲ့အပြင် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေလည်း ပါလာနိုင်အောင် စည်းရုံးလှုံ့ဆော်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးပါလာရင်တော့ ပြန်လည်ကုသပေးသွားမှာဖြစ်တယ်လို့ ဒေါက်တာညီညီထက်လင်းက ပြောပါတယ်။
"ကျွန်တော်တို့က ဆရာဝန်တွေပါ။ လူနာကို ဆေးကုသပေးရမှာ ဟုတ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာက မလုပ်မဖြစ်လို့လုပ်ရတာပါ။ လက်ရှိမှာ လူနာတွေအတွက် အဆင်ပြေနေပါသေးတယ်။ သွေးထွက်သံယို လူနာမရှိသေးတော့ အဆင်ပြေနေပါတယ်"လို့ ဒေါက်တာညီညီထက်လင်း ကထပ်ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ အလုပ်မဆင်းတဲ့ ဆရာဝန်ပေါင်း ၁၀ဝ ကျော် ရှိနေတယ်လို့သိရပြီး ဖေဖော်ဝါရီ ၃ ရက်နေ့က ဆရာဝန်တွေဟာ အာဏာရှင်အလိုမရှိဆိုတဲ့ ဖဲကြိုးနီလှုပ်ရှားမူကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Voice Of Myanmar
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021