News

POST TYPE

POPULAR POST

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမည်ဟု တပ်/ချုပ်ပြော
01-Feb-2021


ရန်ကုန်၊ ဖေဖော်ဝါရီ ၁

နိုင်ငံတော်တာဝန် ထမ်းဆောင်ရာ တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ခြင်းမရှိသော တည်ဆဲ ဥပဒေများကို လိုက်နာဆောင်ရွက်မည်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားသည်။

နိုင်ငံတော်အာဏာကို တာဝန်ယူပြီး နောက် နိုင်ငံတော်သမ္မတအိမ်တော်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 'အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ'အစည်းအဝေး၌ တပ်မတော်အရာအရှိကြီးများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

"တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက် နိုင်ငံတော်ရဲ့ တာဝန် အရပ်ရပ်ကို ယာယီသမ္မတက လွှဲပြောင်း ပေးထားတဲ့ ဒီနေ့ကစပြီးတော့ စတင်ဆောင် ရွက်ပါမယ်။ အဲဒီလို နိုင်ငံတော်တာဝန် ထမ်းဆောင်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော် လွန်ခြင်းမရှိတဲ့ တည်ဆဲဥပဒေတွေ အတိုင်း လိုက်နာဆောင်ရွက်သွားပါ့မယ်။ ပြီးတော့ စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမို ကရေစီစနစ်ကို တရားမျှတမှုအပြည့်နဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်"ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက  လွတ်လပ်၍ တရားမျှတသော အထွေထွေ  ရွေးကောက်ပွဲကို ကျင်းပပေးသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရ နိုင်ငံရေး ပါတီအား နိုင်ငံတော် တာဝန်ကို လွှဲပြောင်း ပေးသွားမည်ဖြစ်ပါကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆက်လက် ပြောကြားသည်။

တပ်မတော်က ဦးဆောင်ကာ ရေးဆွဲ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ ပြည့်နှစ် တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကာ ၂၀၁၀ -၂၀၁၅ ခုနှစ်တွင် အငြိမ်းစားတပ်မတော် အရာရှိများဖြင့် ဖွဲ့စည်းထားသည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရကလည်းကောင်း၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကာလတွင် ဝင်ရောက်ယှဉ် ပြိုင်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ၂၀၁၅-၂၀၂၀ အစိုးရအားလည်းကောင်း တာဝန်ယူခဲ့ပြီး နောက် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ထပ်မံကျင်းပပြီးနောက် မဲမသမာမှုဖြစ်နိုင်သည့် စာရင်းများနှင့် ပတ်သက်၍ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း ရယူခြင်းဖြစ်သည်။

"အာဏာက အခုလည်းသိမ်းထား တာပဲ၊ အရပ်သားအစိုးရတစ်ဝက်ပဲရတာ၊ နောက်တစ်ဝက်သိမ်းလို့ရှိရင်လည်း သန်းခေါင် ထက်ညဉ့်မနက်ပါဘူး။ တိုင်းသူပြည်သား တွေက ဘာမှမထူးပါဘူး။ ဘာမှ ထူးလာ စရာမရှိဘူး၊ အခု အစိုးရကလည်း ၂၀ဝ၈ အခြေခံဥပဒေအရ ဘာမှလုပ်မရဘူး၊ ဘာမှ လုပ်မရတဲ့အတူတူ စစ်တပ်က အာဏာသိမ်း သွားလည်း နိုင်ငံရေးအသစ်ကို တစ်က ပြန်စကြတာပေါ့" ဟု တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဇန်ဝါရီလ ၂၆ ရက်နေ့ က သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် က အာဏာသိမ်းမည့်အရိပ်အယောင်ပြော ကြားစဉ် The Voice Daily က မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားသည်။


S-08