News

POST TYPE

POPULAR POST

ဘင်္ဂါလီ ၁၃ ဦးကိုပို့ဆောင်ခဲ့သည့် ဆရာတော်သီတင်းသုံးရာ ဘုန်းကြီးကျောင်းကို ချိပ်ပိတ်မည်
06-Jan-2021


ပုသိမ်၊ ဇန်နဝါရီ ၅

ဘင်္ဂါလီ ၁၃ ဦးကို တရားမဝင် ပို့ဆောင်ပေးသည့် ဆရာတော်ဦးက္ကန္ဒက သီတင်းသုံးရာ ပုသိမ်မြို့ အမှတ် ၁၄ ရပ်ကွက် ပန်းဆက် ၂၂ လမ်း နှင့် ၂၃ လမ်းကြားရှိ ၉၆၉ သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်ကို ချိပ်ပိတ်မည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးထံမှ သိရသည်။ 

"တိုင်းသံဃနာယကအဖွဲ့ရယ်၊ မြို့နယ်သံဃနာယကအဖွဲ့ရယ်ဆီကနေ ချိပ်ပိတ်ဖို့ ညွှန်ကြားစာရောက်နေပါပြီ။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ရယ် ပူးပေါင်းပြီးတော့ ဘုန်းကြီးကျောင်းကို ချိပ်ပိတ်ဖို့စီစဉ်နေပါတယ်" ဟု ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက  ပြောကြားသည်။

ဆရာတော်ဦးက္ကန္ဒကနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းနေ အသက် ၃၆ နှစ် အရွယ် ယာဉ်မောင်းရခိုင်တိုင်းရင်းသား ဦးဂိုးလေး (ခ) ဦးခင်မောင်လင်းတို့သည် ဒီဇင်ဘာ ၂၄ ရက်နေ့က ပြည်မြို့တွင် ဖမ်းမိသော ဘင်္ဂါလီ ၁၃ ဦးကို ကားဖြင့် တရားမဝင် တင်ဆောင်ခဲ့သူများဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

"ပြည်မြို့မှာ ကားရှေ့ဘီးပေါက်တာမှာ လူတွေက ဝိုင်းကူဖို့အလာ ကားပေါ်တင်လာတဲ့ ဘင်္ဂါလီတွေကိုတွေ့တာ။ ဆရာတော်နဲ့ကားမောင်းတဲ့သူက ထွက်ပြေးသွားတယ်။ ပုသိမ်ကကျောင်းမှာလည်း ဆရာတော်ရော ဒရိုင်ဘာရောမရှိဘူး" ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က The Voice Daily သို့ ပြောဆိုသည်။ 

ဘင်္ဂါလီ ၁၃ ဦးကို တင်ဆောင်လာသည့် သာသနဓမ္မဂုဏ်ရည်ကျောင်း တိုက်တံဆိပ်ပါကားသည် ပုသိမ်မြို့ အမှတ် ၁၄ ရပ်ကွက် ပန်းဆက် ၂၂ လမ်း နှင့် ၂၃ လမ်းကြားရှိ ၉၆၉ သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက်မှဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ဒီဇင်ဘာ ၂၃ ရက်နေ့က လိုက်ပါသွားသောကားဖြစ်ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။   

R-04