News

POST TYPE

POPULAR POST

မောင်တောအကြမ်းဖက်ခံရမှုတွင် တာဝန်ကျေပွန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်
စစ်တွေ၊ ဒီဇင်ဘာ ၁၅ 

ရခိုင်ပြည်နယ် မောင်တောဖြစ်စဉ်များတွင် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးအား ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) တွင် ကျ‌ရောက်သည့်‌ (၄၂) ကြိမ်မြောက် ရခိုင်ပြည်နေ့ အခမ်းအနားတွင် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း ရခိုင်‌ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဆုရရှိသူများမှာ ‌မောင်‌‌တောမြို့နယ်မှ ရဲအုပ် အောင်းဆန်းထူး၊ အရာခံ ဗိုလ်ခင်မောင်အေးနှင့် ဒုတပ်ကြပ် လှိုင်သိန်းဇော်တို့ ဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပေးအပ်ခဲ့‌ခြင်း ဖြစ်သည်။

ရခိုင်‌ပြည်နယ်‌‌နေ့ အခမ်းအနားတွင် လူမှုရေးဆိုင်ရာ ထူးချွန်ဆု၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆုနှင့်‌ ပြည်နယ်ဂုဏ်ထူးဆောင် ဆုများကိုလည်း ရခိုင်‌ပြည်နယ် အစိုးရအဖွဲ့က ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

ဓာတ်ပုံ - ဖိုးသီဟ

R 04