News

POST TYPE

POPULAR POST

ခွေးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသည့်ကိစ္စ စကားများရာမှ ခေါင်းဖြတ်လူသတ်မှုဖြစ်
04-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၄

ချင်းပြည်နယ်၊ ရိခေါ်ဒါမြို့တွင် ခွေးကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိသည့်ကိစ္စ စကားများရန်ဖြစ်ရာမှ ရုပ်သံတာဝန်ခံ အမျိးသားတစ်ဦး ခေါင်းဖြတ် အသတ် ခံခဲ့ရမှု ဖြစ်ပွားခဲ့သည်။

ရိခေါ်ဒါမြို့နယ်ရှိ ရုပ်။သံ ဝန်ထမ်း အိမ်ရာရှေ့ ရိ- ဖလမ်း ကားလမ်းတွင် နိုဝင်ဘာလ ၃ ရက် ညနေပိုင်းက အမျိုးသား တစ်ဦးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသည့် ပုဆိုးဖြင့် ထုပ်ပိုးထားသော အထုပ်ထဲမှ အမျိုးသားတစ်ဦး၏ ဦးခေါင်းပြတ်ကို တွေ့ရှိခဲ့သည်။

ယင်းနောက် အဆိုပါ အမျိုးသားကို ဖမ်းဆီးစစ်ဆေးရာ ရိခေါ်ဒါမြို့တွင် ကျောက်ခွဲစက် အလုပ်သမားအဖြစ် လုပ်ကိုင် နေသော ရှယ်ထန်း(ခ)ထန်းအာ(၂၈)နှစ်ဖြစ်ကြောင်း သိရှိခဲ့သည်။

၎င်းပုဆိုးဖြင့် ထုပ်ယူလာသည့် ဦးခေါင်းပြတ်မှာ ရုပ်သံ တာဝန်ခံ ဦးကပ်လှေပြောင် (၄၆) နှစ်၏ ဦးခေါင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အဆိုပါ လူသတ်မှုကို ဆက်လက် စစ်ဆေးရာ နိုဝင်ဘာလ ၂ ရက် နံနက်ပိုင်း က ဦးကပ်လှေပြောင်မှ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြန်လာစဉ် တွီးငှားတံတား(ခ) သီငါးတံတားထိပ်အနီးရှိ ကျောက်ခွဲစက် စောင့်တဲမှ ရှယ်ထန်း(ခ)ထန်းအာ မွေးထားသည့် ခွေးပေါက်လေး တစ်ကောင် ကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိခဲ့သည်။

ယင်းကိစ္စကို ရန်ငြှိုးထားပြီး ရုပ်သံရုံး အဆောက်အအုံတွင် နေထိုင်သော ဦးကပ်လှေပြောင်ထံသို့ ရှယ်ထန်း (ခ) ထန်းအာက လာရောက်၍ ဘာသာရေး ကိစ္စမျာ းမေးမြန်းပြီး အငြင်းအခုံ ဖြစ်ပွား ချိန် အနီးရှိ မီးသတ်ဆေးဘူးဖြင့် ၎င်းက ဦးကပ်လှေပြောင်၏ ဦးခေါင်းကို ရိုက်ခဲ့သည်။

အရိုက်ခံရသဖြင့် ဦးကပ်လှေပြောင် မှာ လဲကျသွားချိန် ရှယ်ထန်း (ခ) ထန်းအာက မီးဖိုချောင်းသုံးဓားဖြင့် လည်ပင်းကို ဖြတ်ခဲ့ကြောင်း ထွက်ဆိုခဲ့ သဖြင့် ၎င်းကို ရိခေါ်ဒါရ်ရဲစခန်းမှ (ပ)၂၁။၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီး စစ်ဆေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရ သည်။

S-03