News

POST TYPE

POPULAR POST

ကိုဗစ်ပျောက်ကင်းလူနာတွေ ဘာတွေကိုဂရုစိုက်သင့်သလဲ
21-Oct-2020


ကိုဗစ်ပျောက်ကင်းလူနာဆိုတာကတော့ သက်ဆိုင်ရာဆေးရုံကနေ အကြိမ်ကြိမ်ပိုးစစ်ပြီးပိုးမတွေ့တော့ဘူးဆို ရင်သက်ဆိုင်ရာကိုပြန်လွှတ်ခံရတဲ့လူနာဖြစ်ပါတယ်။

-သက်ဆိုင်ရာဆရာ၀န်တွေရဲ့ညွှန်ကြားချက်တွေကိုအတိအကျလိုက်နာပေးပါ
အကယ်၍မိမိဟာ ကိုဗစ်ပျောက်ကင်းလူနာဆိုရင်တောင် မိမိတို့အိမ်မှာနေရမယ့်ရက်အတိုင်းအတိအကျ ကွာရန်တင်း၀င်ဖို့လိုပါတယ်။ရောဂါပျောက်ပြီ၊ကင်းပြီဆိုပြီး အရပ်တကာလှည့်သွားလို့မရပါဘူး။ဆေးရုံကညွှန် ကြားလိုက်တဲ့အတိုင်း တိတိကျကျလိုက်နာပေးဖို့လိုပါတယ်။

-ကိုဗစ်ရောဂါအတွက်ကာကွယ်ဆေးမရှိသေးပါဘူး
ကိုဗစ်ကာကွယ်ဆေးမရှိသေးတဲ့အတွက် ကိုဗစ်ပျောက်ကင်းလူနာအဖြစ်ဆေးရုံကဆင်းခွင့်ရပြီဆိုသည့်တိုင် လက်လွတ်စပယ်နေလို့မရပါဘူး။နယူးနော်မယ်နည်းစနစ်တွေနဲ့သာနေသင့်ပါတယ်။

-ကိုဗစ်ကာကွယ်ရေးနည်းစနစ်တွေကို မေ့ပစ်လို့မရပါဘူး
ကိုဗစ်ဖြစ်ပြီးရင် တစ်ဖန်ပိုးမတွေ့ဘူးလို့မပြောနိုင်လေတော့ ကိုဗစ်ကာကွယ်ရေးနည်းစနစ်တွေကိုတော့ရှောင် ကြဉ်သင့်ပါတယ်။အထူးသဖြင့် လူစုလူဝေးကိုရှောင်ကြဉ်၊အပြင်ကိုမဖြစ်မနေထွက်ရရင်တောင် နှာခေါင်းစည်း တပ်ပြီးအပြင်ကပြန်လာတိုင်းလက်ဆေးသင့်ပါတယ်။

-စိတ်ဖိစီးမှုတွေကိုလျော့ချပေးပါ
မိမိဟာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပဲဆိုပြီး အားငယ်စိတ်တွေဖျောက်ပေးဖို့လိုပါတယ်။မိသားစုရဲ့ချစ်ခြင်းမေတ္တာ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ခင်မင်မှုတွေနဲ့ကိုယ့်ဘ၀ကိုယ်အေးချမ်းနေအောင် ကြိုးစားနေထိုင်ပါ။ပတ်၀န်းကျင် ရဲ့ ပြောဆိုဝေဖန်ခံနေရတယ်ဆိုရင်တောင် တုန့်ပြန်မနေဘဲ မိမိစိတ်အေးချမ်းအောင်သာနေထိုင်ခြင်းဖြင့်စိတ် တွေအေးချမ်းနေပါလိမ့်မယ်။

--ကိုဗစ်ကိုအနိုင်ယူနိုင်ရန် အဆင့်(၄)ဆင့်ကို လိုက်နာပေးပါ

(၁)ကျန်းမာစေသောအစားအစာတွေကို ရွေးချယ်စားသောက်ပေးဖို့လိုပါတယ်။
(၂)ဆေးလိပ်သောက်ခြင်း၊ကွမ်းစားခြင်းတွေကို ကျောခိုင်းထားဖို့လိုအပ်ပါတယ်။
(၃)ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေလည်း လုပ်ထားဖို့လိုအပ်ပါတယ်။
(၄)အရက်သောက်ခြင်း၊မူးယစ်ဆေးဝါးများသုံးစွဲခြင်းကို ရှောင်ကြဉ်၊ကျောခိုင်းထားဖို့လိုအပ်ပါတယ်။