News

POST TYPE

POPULAR POST

လင်မယားချင်း စနောက်ရာမှ လူသတ်မှုဖြစ်
11-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၁၁

ပဲခူးမြို့တွင် လင်မယားချင်း စနောက်ရာက စကားများရန်ဖြစ်ပြီး ခင်ပွန်းကဇနီးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့သည်။

သေဆုံးသူ မထက်ထက်အောင်(၁၉) နှစ်မှာ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက် ညပိုင်းက ခင်ပွန်းဖြစ်သူ မိုးချစ်(ခ)အောင်ဖြိုးနှင့် လင်မယားချင်း စနောက်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး မိုးချစ်(ခ)အောင်ဖြိုးက ၎င်းကို ဓားဖြင့်ထိုးသတ်ခဲ့သည်။

လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သော မိုးချစ်(ခ)အောင်ဖြိုးကို အခင်းဖြစ်ညတွင် ဖမ်းမိခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03