News

POST TYPE

POPULAR POST

မြန်မာပြည် Covid-19 မှ ရုန်းထွက်နိုင်စေမည့် အခြေအနေကောင်းများ ပိုင်ဆိုင်နေပြီဟု အစီရင်ခံစာသစ်ဖော်ပြ
04-Aug-2020
ရန်ကုန်၊ သြဂုတ် ၃

ကိုဗစ် - ၁၉ ရောဂါပိုးကူးစက် ပြန့်ပွားမှုအား ထိန်းချုပ်ရန်ကြိုးပမ်းရာ၌ မြန်မာနိုင်ငံ၏ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်း မှုများနှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ ပါဝင်လှူဒါန်းကူညီမှုများကြောင့် အခြေအနေဆိုးမှ ရုံးထွက်နိုင်မည့် အလားအလာကောင်းများ ပိုင်ဆိုင်နေပြီဖြစ်ကြောင်း Oxford Business Group မှ နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

Oxford Business Group နှင့် ဥက္ကာသီရိကုမ္ပဏီတို့ ပြုစုထုတ်ဝေခဲ့သည့် အဆိုပါ အစီရင်ခံစာသစ်တွင် မြန်မာနိုင်ငံ၏ Covid-19 ရောဂါနှင့် ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ တုံ့ ပြန်ချက်ဗျူဟာများ၊ အလှူငွေနှင့် ဆေးဝါးပံ့ပိုးမှုများ၊ ထိရောက်စွာ ဖြန့်ဖြူးမှုများနှင့် ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှတစ်ဆင့် ထိန်းချုပ်ဆောင်ရွက်မှုများ အကြောင်းကို ဖော်ပြထားသည်။

“လွန်ခဲ့သောနှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်မှုအားအကောင်းဆုံး ဈေးကွက် တစ်ခုဖြစ်သည့်အလျောက် မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက်သည့် တည်နေရာနှင့် သဘာဝသယံဇာတများ ပြည့်စြွုံကယ်ဝမှု တို့ကို ပိုင်ဆိုင်ထားသည့်အတွက် ကိုဗစ် -၁၉ ကူးစက်ပြန့်ပွားမှုမှ ရုန်းထွက်နိုင်ရန် ကောင်းမွန်သော အခြေအနေများကို ပိုင်ဆိုင်ထား ပါတယ်”ဟု OBG ၏ အယ်ဒီတာချုပ်ဖြစ်သူ Oliver Cornnock မှ ပြောကြားခဲ့သည်။ 

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံအနေနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေခံအဆောက်အဦများ တိုးချဲ့တည်ဆောက်နေသည့်အတွက် ရောဂါပိုးပြန့်ပွားမှုအား တားဆီးရာတွင် အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဆေးကုသစောင့် ရှောက်မှုအပိုင်းတွင်လည်း တိုးတက်လာခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ 

အာဆီယံဒေသတွင်း Covid-19 ရောဂါဖြစ်ပွားမှုနှုန်း အရှိန်တစ်ခုဖြင့် တိုးမြင့်နေဆဲဖြစ်သော်ငြားလည်း မြန်မာနိုင်ငံတွက် လက်ရှိအချိန်၌ ကုသမှုခံယူနေရသူ ၄၉ ဦးသာရှိနေပြီး ကပ်ဘေး ကာလတစ်လျှောက်လုံးတွင်လည်း စုစုပေါင်း ကူးစက်ခံရသူ ၃၅၃ ဦးသာရှိခဲ့သည်။ သေဆုံးနှုန်းမှာလည်း ၆ ဦးသာ ရှိသောက1ြောင့် အိမ်နီးချင်းတိုင်းပြည်များနှင့် ယှဉ်လျှင် အခြေအေနေ ကောင်းမွန်နေသည်ဟု သုံးသပ်ခံနေရသည်။

IT 01