News

POST TYPE

POPULAR POST

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
04-Aug-2020

ရန်ကုန်၊ သြဂုတ်  ၃

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA လက်နက်ကိုင်အဖွဲ့က သြဂုတ်လ ၂ ရက်နေ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ခဲ့သည်။

ရသေ့တောင်မြို့နယ် အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက် မေယုတောင်တန်းပေါ်တွင်ရှိသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA လက်နက်ကိုင် အဖွဲ့က ၂ ကြိမ် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်က ဆိုသည်။

AA လက်နက်ကိုင်အဖွဲ့အနေနှင့် ယင်းသို့တိုက်ခိုက်ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားနေရာသို့ တပ်မတော်စစ်ကြောင်းများက စစ်ကူ၊ ပစ်ကူပေးခဲ့ပြီး လိုအပ်သည့် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး (Counter-terrorism Operation) ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

S-04