News

POST TYPE

POPULAR POST

ကွန်တိန်နာယာဉ်များ ညဘက်သီးသန့်ပြေးဆွဲမှု အစီအစဉ်ကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်
ရန်ကုန်မြို့တော်အတွင်း ကွန်တိန်နာ (ကုန်သေတ္တာ) ယာဉ်များ အပါအဝင် ကုန်တင်ယာဉ်ကြီးများကို ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) မှ စတင်၍ ည ၉ နာရီမှ နံနက် ၆ နာရီအထိသာ ပြေးဆွဲရမည့် ညဘက်သီးသန့်ပြေးဆွဲမှု အစီအစဉ်ကို အတည်ပြု ကျင့်သုံးခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းတွင် ကွန်တိန်နာယာဉ်များ လမ်းမပေါ်တွင် ရပ်တန့်ထားသဖြင့် လမ်းပိတ်ဆို့လျက် ရှိသည်ကို တွေ့ရစဉ်။

ကွန်တိန်နာယာဉ်များ မောင်းနှင်သော ကွန်ကရစ်လမ်းမ ဖြစ်သည့် ကမ်းနားလမ်း (သီရိမင်္ဂလာဈေးဟောင်းမှ ကြည့်မြင့်တိုင် ငါးဈေးအထိ) တစ်လျှောက်ကို ပိတ်ဆို့ရပ်နားထားခြင်း ဖြစ်ကြောင်း၊ သတ်မှတ်ချိန် ကျော်လွန်ခဲ့သည့်အတွက် ဆက်လက်မောင်းနှင်ခြင်း မပြုဘဲ ရောက်သည့်နေရာတွင် ရပ်နားထားခြင်း ဖြစ်သည်ဟုလည်း သိရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တွင်း လမ်းကျပ်တည်းမှုကို ဖြေရှင်းရန် ကွန်တိန်နာယာဉ်များ ညဘက်သီးသန့်ပြေးဆွဲမှု အစီအစဉ်ကို နိုဝင်ဘာ ၁ ရက်နေ့တွင် စမည်ဟု ကြေညာခဲ့ပြီး ယင်းနေ့တွင် လုပ်ငန်းစရန် အဆင်မပြေသောကြောင့် နိုဝင်ဘာလ ၁၅ ရက်သို့ ပြောင်းရွှေ့ခဲ့ကာ ထို့ရက်မှတစ်ဆင့် နိုဝင်ဘာလကုန်ပိုင်း၊ ဒီဇင်ဘာလ ၁ ရက်နေ စသည်ဖြင့် ဆက်တိုက်ရက်ရွှေ့ခဲ့ရာမှ ဒီဇင်ဘာ ၇ ရက်မှသာ ယင်းစနစ်ကို အမှန်တကယ် စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ရဲပြည့်ဇာနည်