News

POST TYPE

POPULAR POST

ကညန ယာဉ်စစ်သည့် လုပ်ငန်းအား ပုဂ္ဂလိကသို့ ပေးမည်
13-Jun-2020
ရန်ကုန်၊ဇွန်-၁၃ 

ရန်ကုန်တိုင်းအတွင်းရှိ ကညနယာဉ်စစ်ဆေးသည့် လုပ်ငန်းကို ပုဂ္ဂလိကပိုင်အဖြစ် လွဲပြောင်းပေးရန် စီစဉ်နေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(မြင်သာ)ရုံးမှ သိရသည်။ 

အဆိုပါ ယာဉ်စစ်ဆေးသည့်လုပ်ငန်းကို ပုဂ္ဂလိကသို့လွဲပြောင်းပေးရန် မေလ ၂၆ ရက်နေ့က ချမှတ်လိုက်သည့်  ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ် ပြဌာန်းချက်တွင် ပါရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမွ တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။ 

"ပုဂ္ဂလိကကို ပေးတဲ့အခါ နိုင်ငံသားဖြစ်စေ၊နိုင်ငံခြားသားဖြစ်စေ ဥပေဒအရ ယာဉ်စစ်တဲ့ လုပ်ငန်းကိုလုပ်ကိုင်ရင်  ကားဝပ်ရှော့လိုပုံစံမျိုးနဲ့လုပ်လို့မရဘူး။ဂျပန်နိုင်ငံက လာရောက်တပ်ပေးထားတဲ့  Test lane ကို နမူနာထားပြီး ဆောင်ရွက်ပေးနိုင်ရမယ်''ဟု ဦးသိန်းထွဋ် ကပြောသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေထွက်ကာ နှစ်လ သုံးလ အကြာတွင်  နည်းဥပဒေပါ ထွက်လေ့ရှိပြီး ယင်းနည်းဥပဒေ ထွက်ပြီးသွားပါက ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ 

ယခုလက်ရှိတွင် မြင်သာ ကညန ရန်ကုန်တိုင်းရုံးတွင် ဂျပန်နိုင်ငံမှတပ်ဆင်ပေးထားသော Vehicle Inspection  Test lane ၂ စုံကို သတ်မှတ်စံနှုန်းဖြင့် ကိုက်ညီခြင်း ရွိမရွိ စစ်ဆေးခြင်း၊ နှစ်စဉ်လိုင်စင် ဝင်ရာတွင် ယာဉ်ကြံ့ခိုင်မှုရှိ၊မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။