News

POST TYPE

POPULAR POST

မူဆယ်တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများထံမှ မူးယစ်ဆေးနှင့် လက်နက်များဖမ်းမိ
18-May-2020

ရန်ကုန်၊ မေ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့အတွင်း တရားမဝင်နေထိုင်သည့် တရုတ် နိုင်ငံသားများထံမှ ကျပ်သိန်း ၁၈,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

မူဆယ်မြို့အတွင်း လုံခြုံရေးဆောင် ရွက်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စွမ်စော်ရပ်ကွက်၊ အိမ်အမှတ် မစ/၃၉၂ ရှိ လင်းထက်ဦး ပိုင်ဆိုင်သော ဝင့်နင်ကုမ္ပဏီ အဖွဲ့၊ တာ့ဇောက်တိကော်၊ ဖျော်ဖြေရေး စင်တာအား မေလ ၁၅ ရက် နံနက် ၁ နာရီ ခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံ သား လောင်ဟွာ (ဘ) ခွမ်းဟူးတာ အပါ အဝင် တရုတ်နိုင်ငံသား ၁၀ ဦးက ို လက်တော့ပ် မျိုးစုံ ၁၅ လုံး၊ တယ်လီဖုန်းမျိုးစုံ ၁၅ လုံး၊ မော်နီတာ ၃ လုံး၊ USB ၂ လုံး၊ CPU ၁ လုံး၊ Printer (Kyocera) ၁ လုံး၊ WIFI စက် ၆ လုံး၊ တရုတ်အထိုင်ဖုန်း ၇ လုံး၊ လက်တော့ပ် အားသွင်းကြိုး ၁၀ ခု၊ Computer Mouse ၁၀ ခုနှင့် နားကြပ် ၇ ခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၂ နာရီ ၄၀ မိနစ် ခန့်တွင် အဆိုပါရပ်ကွက်ရှိ လုကျိန်လုံ ပိုင်ဆိုင်သော ယွိလုံဆောင်နား အပန်းဖြေ SPA နေရာကို ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ကျန်စိမ်း (ဘ) ကျန်းယွင် ခမ်းနှင့် တရုတ်နိုင်ငံသူ ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

ထို့ပြင် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ည ၁၂ နာရီခွဲခန့်တွင် ၎င်းရပ်ကွက်ရှိ ချိန်မှုန်ပိုင်ဆိုင်သော နေအိမ်ကို ဝင်ရောက် ရှာဖွေစစ်ဆေးရာ ၎င်းအပါအဝင် အမျိုးသား ၄ ဦးကို သေနတ် ၁ လက်၊ ၎င်းကျည် ၂၀ တောင့်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ၎င်းကျည် အိမ် ၁ ခုတို့ကို ဖမ်းဆီးရမိခဲ့ပြီး၊ ယနေ့ နံနက် ၁ နာရီခန့်တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များက လိတီချန်း ပိုင်ဆိုင်သောနေအိမ်ကို ဝင်ရောက် ရှာဖွေရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် ရန်ဟော်ယုံအပါအဝင် တရုတ်နိုင်ငံ သား ၃ ဦးကို အမ်-၂၂ ခေါက်ဒင် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ အမ်-၂၁ သစ်သားဒင် ၁ လက်၊ အမ် -၁၆ ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ လူကာပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ICE ၂၅ ကီလို၊ ဘိန်းဖြူဆပ်ပြာခွက် ၇ ဒသမ ၇ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၃၀ ကီလိုနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ပြား (မူးယစ် ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ပေါင်း ၁၈,၀၀၀ ကျော်) နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို မူဆယ်မြို့ မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ ကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

S-04