News

POST TYPE

POPULAR POST

ဘိုင်ယန်မြူးနစ်အတွက် ဆာနေး အသစ်တစ်ခု သယ်ဆောင်လာနိုင်လိမ့်မည်ဟု လီဝန်ဒေါစကီး ယုံကြည်
18-May-2020


မြူးနစ်၊ မေ ၁၇

မန်စီးတီးတောင်ပံကစားသမား ဆာနေးကို ခေါ်ယူရန်ကြိုးစားနေသည့် ဘိုင်ယန်မြူးနစ်အသင်းလုပ်ရပ်ကို တိုက် စစ်မှူးလီဝန်ဒေါစကီးက ထောက်ခံအားပေး ခဲ့သည်ဟု Dailymail ကဖော်ပြခဲ့သည်။ 

ဆာနေးသည်ပြီးခဲ့သည့်နွေဈေး ကွက်တွင် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ ရန် အလွန်နီးစပ်ခဲ့သော်လည်း ပြင်းထန် သည့်ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ဖြစ်မလာ ခဲ့ပေ။ 

သို့ရာတွင် ဘိုင်ယန်ဘက်မှလက်ရှိ အချိန်အထိ စိတ်ဝင်စားဆဲဖြစ်သလို ဂျာမနီ ကြယ်ပွင့်မှာ အသင်းအတွက် အသစ်တစ်ခု ကို သယ်ဆောင်လာနိုင်လိမ့်မည်ဟု လီဝန် ဒေါစကီးက ယုံကြည်နေသည်။ 

ရာသီအဖွင့် ကွန်မြူနတီဒိုင်းပွဲစဉ် တွင် ဒဏ်ရာရခဲ့ပြီးနောက် တစ်ရာသီလုံး နီးပါး အနားယူနေခဲ့ရသည့် ဆာနေးသည် လက်ရှိတွင် ဒဏ်ရာမှအရှင်းသက်သာ လာခဲ့ပြီးနောက် လေ့ကျင့်ခန်းများပြန်လည် ပြုလုပ်နေပြီဖြစ်သည်။ 

မန်စီးတီးအသင်းနှင့်စာချုပ်သက် တမ်း တစ်နှစ်သာကျန်ရှိတော့သည့် ဆာနေး အားခေါ်ယူရေးနှင့်ပတ်သက်၍ လီဝန်ဒေါ စကီးက “ဒီကိစ္စနဲ့ပတ်သက်လို့ ထင်မြင် ချက်များစွာရှိပေမဲ့ သူဟာ စိတ်လှုပ်ရှား စရာစွမ်းဆောင်ရည်ရှိတဲ့ အံ့အားသင့်ဖွယ် ကစားသမားတစ်ယောက်ပါ။ ပရီးမီးယား လိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာပါ စောင့် ကြည့်ခံကစားသမားတစ်ယောက် ဖြစ်ပါ တယ်။ ရှော်ကေးအသင်းမှာရှိစဉ်ကတည်း က သူ့ရဲ့အရည်အသွေးကို အများကြီး မြင်ခဲ့ရပါတယ်။ စွမ်းဆောင်ရည်ကောင်း ရှိတဲ့သူဟာ ကျွန်တော်တို့အတွက် အသစ် တစ်ခုကို ယူဆောင်ပေးနိုင်သလို အသင်း ရဲ့ကစားပုံကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်” ဟု ဆိုခဲ့သည်။ 

မန်စီးတီးအသင်းဘက်မှ ဆာနေး ကို ဆက်လက်ထိန်းထားလိုစိတ်ရှိသော် လည်း စာချုပ်သစ်ကမ်းလှမ်းမှုကိုကစား သမားဘက်မှ လက်ခံဖွယ်မရှိသောကြောင့် ၎င်းအတွက် သင့်တင့်သည့်ပြောင်းရွှေ့ကြေး ရယူလိုပါက ယခုနွေဈေးကွက်တွင် ရောင်း ချရန်ရှိနေပြီး အကယ်၍ဆက်လက်ထိန်း ထားလိုပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးရနိုင်ခြေများနေသည်။

ငြိမ်းပြည့်