News

POST TYPE

POPULAR POST

မော်ရင်ညိုနှင့် သီးသန့်တွေ့ဆုံခဲ့သည်ဆိုသောသတင်းများကို ဝီလျံ ငြင်းဆန်
18-May-2020

လန်ဒန်၊ မေ ၁၇

ချဲလ်ဆီးတောင်ပံကစားသမား ဝီလျံ သည် ယခုနွေရာသီတွင်စပါးသို့ပြောင်း ရွှေ့ရန်အတွက် မော်ရင်ညိုနှင့် သီးသန့် တွေ့ဆုံခဲ့သည်ဆိုသော သတင်းများကိုငြင်း ဆန်ခဲ့ကြောင်း The Mirror ကဖော်ပြခဲ့သည်။ 

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားခဲ့ပြီးနောက် ဝီလျံသည်မိခင်မြေ ဘရာဇီးသို့ပြန်သွားခဲ့သော်လည်း အင်္ဂလန် မြေသို့ ပြန်လည်ရောက်ရှိလာသည်မှာ ၂ ပတ်ခန့်ရှိနေပြီဖြစ်သည်။ 

အင်္ဂလန်သို့ပြန်ရောက်ပြီး ၂ပတ် ကြာကာလအတွင်း၌ အစိုးရ၏လမ်းညွှန် ချက်အတိုင်း သီးခြားနေထိုင်လျက်ရှိပြီး အဆိုပါကာလအတွင်း မော်ရင်ညိုနှင့်တွေ့ ဆုံခဲ့သည်ဆိုသော ဇာတ်လမ်းများထွက် ပေါ်လာသည့်အတွက်အံ့အားသင့်မိသည် ဟုဖွင့်ဟခဲ့သည်။ 

“ပြည်ပကနေ ဒီကိုဝင်လာသူတိုင်း ဟာ တစ်ဦးတည်း အထီးကျန်ကာလတွေ ဖြတ်သန်းရဖို့ ရှိနေပါတယ်။ အခုအချိန်ထိ အိမ်ကို မစွန့်ခွာရသေးပါဘူး။ ဂျိုဆေးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းတွေကို မြင်ရတဲ့အခိုက်အတန့်က ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ ကျွန်တော်သူနဲ့ ဖုန်းအဆက်အသွယ်တောင် မရှိခဲ့ပါဘူး။ သူအပါအဝင် ဘယ်သူနဲ့မျှမတွေ့ဆုံခဲ့ပါဘူး။ ကျွန်တော် အပြင်မထွက်ခဲ့လို့ပါ။ ဒါကြောင့် ရိုးရိုးသားသားပြောရရင် ဒါက ဇာတ်လမ်း အမှားကြီးပါ။ ကျွန်တော်နဲ့သူ့ကြားမှာ ဆက်ဆံရေးကောင်းရှိပြီး တစ်ခါတရံမှာ အပြန်အလှန်မက်ဆေ့ချ်ပို့တာတွေရှိခဲ့ပါ တယ်။ ဒါပေမဲ့ မကြာသေးခင်အချိန်ကာလ အတွင်းမှာ အဲ့လိုလုပ်ခဲ့တာမျိုးမရှိပါဘူး” ဟု ဝီလျံက ထုတ်ဖော်ပြောကြားခဲ့သည်။ 

အစောပိုင်းကာလအတွင်း၌ ဝီလျံက မော်ရင်ညိုနှင့် သူငယ်ချင်းကောင်းအဖြစ် ရှိနေသေးသလို ချဲလ်ဆီး၏မြို့ခံပြိုင်ဘက် အသင်းသို့ပြောင်းရွှေ့ရန်အတွက်ပြဿနာ မရှိဟုဆိုထားခဲ့သည်။ 

ထို့နောက် ၎င်းဘရာဇီးမှပြန်လာချိန် တွင် မော်ရင်ညိုနှင့်သီးသန့်တွေ့ဆုံခဲ့သည် ဟုသတင်းထွက်ပေါ်လာခြင်းကြောင့် စပါး သို့ပြောင်းရွှေ့လိမ့်မည်ဟု ထင်ကြေးပေး မှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ငြိမ်းပြည့်