News

POST TYPE

POPULAR POST

ရီးရဲလ်၏ကမ်းလှမ်းမှုကို ဆာလက်ပယ်ချခဲ့ဖူးသည်ဟု အီဂျစ်အသင်းလက်ထောက်နည်းပြဟောင်း ရမ်ဇီ ဖွင့်ဟ
18-May-2020


လီဗာပူး၊ မေ ၁၇

ယူကရိန်းနိုင်ငံကိဗ်၌ ရီးရဲလ်နှင့် လီဗာပူးတို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ မကစားမီလအနည်းငယ်တွင် ရီးရဲလ်က ဆာလက်ကို ကမ်းလှမ်းခဲ့ကြောင်း ထိုစဉ်က အီဂျစ် လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရမ်ဇီက ပြန်လည်ဖွင့်ဟခဲ့ဟု Goal.com က ဖော်ပြခဲ့သည်။ 

၂၀၁၈ခုနှစ်အတွင်း၌ ဆာလက်ကို ရီးရဲလ်နှင့် ဘာစီလိုနာတို့က ချိတ်ဆက်ခဲ့ သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ရီးရဲလ် ဘက်မှ ကောင်းမွန်သည့်ကမ်းလှမ်းချက် တစ်ခုကိုရရှိခဲ့သော်လည်း ဆာလက်သည် မာဆေးဆိုက်ဒ်တွင်သာဆက်လက်နေထိုင် ရန်ဆုံးဖြတ်ခဲ့သည်ဟု ရမ်ဇီကဆိုခဲ့သည်။ 

“၂၀၁၈ မတ်အတွင်း ဟက်တာ ကူးပါးနဲ့ ကျွန်တော်တို့ ဆွစ်ဇာလန်နိုင်ငံက လေ့ကျင့်ရေးတစ်ခုမှာ ရှိနေခဲ့ပါတယ်။ ဆာလက်နဲ့ စကားပြောဖြစ်တဲ့အချိန်မှာ တော့ ရီးရဲလ်ဆီကနေ ကမ်းလှမ်းမှုတစ်ခု ရရှိထားတယ်လို့ သူပြောခဲ့ပါတယ်။ ကမ်း လှမ်းချက်က တကယ့်ကိုကောင်းမွန်ပေမဲ့ ဆာလက်ဟာ ကျွန်တော်အပါအဝင် မစ္စတာ ကူးပါးနဲ့ ဆွေးနွေးခဲ့ပြီး သူ့အတွက် သက် သောင့်သက်သာရှိလှတဲ့ လီဗာပူးအသင်း မှာ ဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်”ဟု ထိုစဉ် က အီဂျစ်လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရမ်ဇီကဖွင့်ဟ ခဲ့သည်။ 

ဂျာဗီးယားအဂွီရီ၏နေရာတွင် ဟက်တာကူးပါးကို အီဂျစ်နည်းပြသစ် အဖြစ် စတင်ခန့်အပ်ချိန်၌ ရမ်ဇီကိုလက် ထောက်အဖြစ် ခန့်အပ်ခဲ့ခြင်းမရှိသေးသော် လည်း အဆိုပါအချိန်တွင် အသင်းကို ထောက်ပံ့ရန်အတွက် လေ့ကျင့်ရေးစခန်း တွင်ရှိနေခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုခဲ့ သည်။ 

ဆက်လက်ပြီး ရမ်ဇီက ဆာလက် မှာ ရည်ရွယ်ချက်ကြီးမားသူဖြစ်ပြီး အီဂျစ် အသင်းနှင့်အတူ အာဖရိကဖလားကို ၃နှစ် ဆက် ပိုင်ဆိုင်လိုသည်ဟုပြောဆိုခဲ့သလို ၂၀၀၆၊ ၂၀၀၈ နှင့် ၂၀၁၀ တွင် ၃ နှစ်ဆက် အထိ ရရှိအောင် လက်တွေ့လုပ်ပြနိုင်ခဲ့ သည်ဟု ချီးကျူးလိုက်သည်။

ငြိမ်းပြည့်