News

POST TYPE

POPULAR POST

၂၀၁၉ က ခွင့်ပြုခဲ့သည့် မော်တော်ယာဉ်သွင်းကုန်လိုင်စင်များ သက်တမ်း နှစ်လ ထပ်တိုးခွင့်ပြုမည်
18-May-2020


ရန်ကုန်၊ မေ ၁၇

၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုခဲ့သည့် မော်တော်ယာဉ်တင်သွင်းခွင့် သွင်းကုန် လိုင်စင်များကို သက်တမ်းနှစ်လ ထပ်တိုးခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကုန်သွယ်ရေးကြန့်ကြာတာတွေရှိတယ်ဆို​​ပြီး တင်ပြတာတွေရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က မော်ဒယ်လ်သတ်မှတ်ချက်နဲ့ ခွင့်ပြုထားတဲ့ ကားလိုင်စင်တွေကလည်း သွင်းဖို့အခက်အခဲရှိနေတယ်ဆိုပြီးပြောတယ်။ ဒါကြောင့်၂၀၁၉ ခုနှစ် မော်တော်ယာဉ် သွင်းကုန်လိုင်စင်တွေကို မတ်လကုန် အထိပဲ ခွင့်ပြုပေးမယ်ဆိုတဲ့ ကြေညာချက် အစား နောက်ထပ်နှစ်လခွင့်ပြုပေးတာ ဖြစ်ပါတယ်။ သက်တမ်းတိုးဖို့အတွက်ကိုလည်း အွန်လိုင်းကနေတစ်ဆင့် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားပါတယ်” ဟု ယင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Covid-19 ကြောင့် ကုန်သွယ်ရေး ကိစ္စများတွင် သက်ရောက်မှုရှိနေသည့် အတွက် ကုန်သွယ်မှုများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ခွင့်ပြုပေးခြင်းဖြစ်သည်။ 

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ် ရေးဇုန်၊ တာချီလိတ် ကုန်သွယ်ရေးဇုန်တို့မှ တင်သွင်းရန်ခွင့်ပြုပေးထားသည့် ၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုခဲ့သော မော်တော်ယာဉ် သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးသည့်ရက်မှ သက်တမ်းသုံးလကုန်ဆုံးပါက ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်အထိသာ ခွင့်ပြုခြင်းအစားသက်တမ်းနှစ်လ ထပ်တိုးခွင့်ပေးမည်ဖြစ်ပြီး ယင်းကာလအတွင်း အပြီးတင်သွင်းရမည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဆက်နိုင်