News

POST TYPE

POPULAR POST

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှသာ တက္ကသိုလ်နှင့် အခြေခံကျောင်းများဖွင့်လှစ်ပေးရန် တောင်းဆို
17-May-2020
ရန်ကုန်၊ မေ ၁၇

တက္ကသိုလ်များနှင့်အခြေခံပညာကျောင်းများကို ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်သည့်အခြေအနေတစ်ခုသို့မှသာ ပြန်လည်ဖွင့်လှစ်ရန် အတွက် တက္ကသိုလ်ဆရာ ၊ ဆရာမများအသင်း(ကိုယ်စားပြုကော်မတီ)က မေ ၁၇ တွင် ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။

ဆရာ ၊ ဆရာမများကိုလည်း နေအိမ်မှသာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပေးရန် အကယ်၍ လုပ်ပိုင်ခွင့် အာဏာအသုံးပြုကာ အတင်းအကျပ်ဆောင်ရွက်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် အာဏာပိုင်တို့၏ တာဝန်သာဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ပါရှိသည်။

"ကူးစက်သူတစ်ယောက်တွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ"ဟု ကိုယ်စားပြုကော်မတီမှ လက်ထောက်ကထိက ဦးသန်းထိုက်အောင်က ပြောဆိုသည်။

ဆရာ ၊ ဆရာမများကို ရုံးပြန်တက်စေခြင်း၊ ကျောင်းများပြန်ဖွင့်ခြင်းကို အာဏာအသုံးပြုဆောင်ရွက်ခဲ့မည်ဆိုပါက ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများကို ရောဂါကူးစက်စေရန် ဖန်တီးပေးလိုက်သလိုဖြစ်ပြီး ထိန်းချုပ်ရန် အလွန်ခက်ခဲမည်ဖြစ်ကာ နိုင်ငံ၏ကံကြမ္မာမပေါ် ဆိုးဆိုးရွားရွားရိုက်ခတ်လာမည်ကို ယုံကြည်ထားကြောင်း UTA အနေဖြင့် ယုံကြည်ထားသည်။

လက်ရှိတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဆရာဆရာမများ ပြန်လည်တာဝန်ထမ်းဆောင်ရန်အတွက် တက္ကသိုလ်ရှိရာဒေသမှ မဟုတ်ဘဲ ရောဂါကူးစက်မှုဖြစ်ပွားရာဒေသများမှလာရောက်မည့် ဆရာဆရာများသည် သီးခြားသတ်မှတ်ထားသည့်နေရာများတွင် အသွားအလာကန့်သတ်မှုခံယူရမည်ဖြစ်ကာ ရောဂါမကူးစက်သည့်ဒေသနှင့် ဒေသခံဆရာဆရာမများသည် နေထိုင်ရာ အဆောင်၊အိမ်ယာများတွင် အသွားအလာကန့်သတ်မှုခံယူရန် အဆင့်မြင့်ပညာဦးစီးဌာနမှ စီစဉ်ထားသည်။

ဇူလိုင်လတွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ရန်အတွက် အသွားအလာကန့်သတ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းခြောက်ထောင်ကျော်ကို ပညာရေးဝန်ကြီးဌာနကို ပြန်လည်လွှဲပြောင်းပြီး စခန်းအသစ်များကို တက္ကသိုလ် ကော်လိပ်များတွင် ဖွင့်လှစ်ရန် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားထားသည်။

S-09