News

POST TYPE

POPULAR POST

မုံရွာတွင် Quarantine ဝင်သူနှစ်ဦး မင်္ဂလာလက်မှတ်ရေးထိုး
17-May-2020


မုံရွာ၊ မေ ၁၇

မုံရွာမြို့ ထန်းတောရပ်ကွက်တွင် Quarantine ဝင်နေသည့် ပေါက်မြို့နယ်မှသတို့သမီးနှင့် ထန်းတောရပ်မှသတို့သားတို့အား အုပ်ထိန်းသူမိဘများမှ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ထိမ်းမြားမင်္ဂလာလက်မှတ်ရေးထိုးစေခဲ့သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထန်းတောရပ်ကွက်တွင်နေထိုင်သည့် သတို့သားကိုဝေဖြိုးအောင် ရှိရာသို့ သတို့သမီးမဇာခြည်လင်း နှင့်အုပ်ထိန်းသူအစ်မကြီး၊ သတို့သား၏ဖခင်တို့ မကွေးတိုင်း ပေါက်မြို့မှရောက်လာသဖြင့် ထန်းတောရပ်ကွက် Quarantine စင်တာတွင် နေထိုင်နေရခြင်းဖြစ်ကာ မေလ ၁၇ ရက်နေ့သည် နေ့ရက်ကောင်းဖြစ်သည့်အတွက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညိုဝင်းက ပြောကြားသည်။

“သတို့သမီးကိုတောင်းလာပြီး မင်္ဂလာဆောင်ဖို့လာတာ။ Quarantine တွေဘာတွေမသိဘဲလာရင်း Quarantine မိတယ်။ လက်မှတ်ထိုးကြပေမယ့် မင်္ဂလာဦးညမရှိဘူးပေါ့” ဟု ၎င်းကရှင်းပြသည်။

ထန်းတောရပ်ကွက် အထက်တန်းကျောင်းတွင် အုပ်ချုပ်ရေးအဖွဲ့၊ နှစ်ဖက်မိဘတို့ဖြင့် အချိန်တိုအတွင်း လက်မှတ်ရေးထိုးခဲ့ပြီး Quarantine ဝင်နေသူ ၁၀ ဦးတို့အား မင်္ဂလာမောင်နှံက လက်ဖက်ရည်ဖြင့် ကုသိုလ်ပြုခဲ့သည်။ 

R-08