News

POST TYPE

POPULAR POST

ပြည်ပထွက်ခွာမည့် မြန်မာသင်္ဘာသားများကို COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်ထုတ်ပေးမည်
17-May-2020

 
ရန်ကုန်၊ မေ ၁၇

ပြည်ပထွက်ခွာမည့် မြန်မာသင်္ဘောသားများကို COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ရန်အတွက်မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်၏ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် လျှောက်ထားဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ထံမှသိရသည်။ 

“နိုင်ငံအတွင်းက ဘယ်သင်္ဘောသားမဆို ကိုဗစ်ရောဂါရှိ မရှိ ဆေးစစ်ဖို့အတွက် ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့  [email protected] ကတစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ကြပါပြီ။ အဖွဲ့ချုပ်ကနေမှတစ်ဆင့် ဆေးစစ်မယ့် သင်္ဘောသားဦးရေစာရင်းကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့ရမှာဖြစ်ပါတယ်” ဟု ယင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က ရှင်းပြသည်။

မြန်မာသင်္ဘောသား အလုပ်သမားများအနေနှင့် ရောဂါကင်းရှင်းကြောင်း ဆေးလက်မှတ်ရရှိပြီး ၇၂ နာရီအတွင်း Negative လက်မှတ်နှင့် သက်ဆိုင်ရာနိုင်ငံသို့ သွားရောက်နိုင်မည်ဖြစ်သည်။

ကျပ် ၁၅၀,ဝ၀ဝ ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး ယင်းထောက်ခံချက်သည် စစ်ဆေးပြီး ၇၂ နာရီသာ အကျုံးဝင်မည်ဖြစ်သည်။

“ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လာတဲ့သင်္ဘောသားတွေ ပြန်ထွက်ဖို့အတွက် ဆေးစစ်ပေးရမှာဖြစ်သလို ကိုယ့်နိုင်ငံကနေ ပြည်ပထွက်ခွာမယ့်သူ ရောဂါပိုးကင်းရှင်းကြောင်း ဆေးစစ်ပေးဖို့ကလည်း ကျွန်မတို့ရဲ့တာဝန်ပါ” ဟု အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်က ပြောကြားသည်။

လက်ရှိ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက နိုင်ငံခြားသားများဖြစ်သော သံရုံးမှဝန်ထမ်းများ၊ ကုလသမဂ္ဂဝန်ထမ်းများနှင့် NGO ဝန်ထမ်းများကို Covid-19 ရောဂါရှိ မရှိ ဆေးစစ်ပေးလျက်ရှိပြီး ဆေးစစ်ခမှာတစ်ဦးလျှင် ကျပ် ၁၅၀,ဝ၀ဝ ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

J-03