News

POST TYPE

POPULAR POST

သီရိလင်္ကာမှပြန်လာသည့် ရဟန်းသံဃာ ၊ သီလရှင်၊ လူပုဂ္ဂိုလ်များ သီတဂူတွင် Quarantine ၂၁ ရက်ဝင်
17-May-2020
မန္တလေး၊ မေ ၁၆

သီတဂူဆရာတော်ဘုရား၏ ဒုတိယအကြိမ်စီစဉ်မှုဖြင့်  သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာရဟန်း သံဃာတော်များ မေလ ၁၆ ရက်နေ့မှ စတင်ကာ သီတဂူဝိပဿနာအကယ်ဒမီ နှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တွင် Facility Quarantine ဝင်မည်ဖြစ်ကြောင်း သီတဂူဝိပဿနာအကယ်ဒမီထံမှ  သိရသည်။

Covid-19 ရောဂါဖြစ်ပွားနေချိန်တွင် သီရိလင်္ကာနိုင်ငံ၌ပိတ်မိနေသော ရဟန်းသံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ်များကို   သီတဂူဆရာတော်ကြီးအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ကျန်းမာရေးကောင်းမွန်သည်ဟု သိရပြီး သီရိလင်္ကာ ကိုလံဘိုလေဆိပ်မှတစ်ဆင့် မန္တလေးလေဆိပ်သို့ခေါ်ဆောင်ကာ မေလ ၁၆  ရက်နေ့ညပိုင်း၌ ရောက်ရှိကြောင်း သီတဂူဝိပဿနာအကယ်ဒမီ အုပ်ချုပ်ရေးမှူး ဆရာတော် ဒေါက်တာသုန္ဒရက မိန့်ကြားသည်။

သီရိလင်္ကာမှ ရောက်ရှိလာသော စာရင်းတွင် ရဟန်း၊ သီလရှင် ၁၃၀ ပါး၊  လူပုဂ္ဂိုလ် ၃၇ ဦးဖြစ်ကာ ရဟန်းသံဃာ၊ သီလရှင်များမှာ သီတဂူဝိပဿနာ အကယ်ဒမီတွင်လည်းကောင်း၊ လူပုဂ္ဂိုလ်များမှာ သီတဂူဗုဒ္ဓတက္ကသိုလ်တွင်လည်းကောင်း ၂၁ ရက် Quarantine ဝင်ကြမည်ဖြစ်သည်။

S-02